အသံရဲ့ မြန်နှုန်းဖြင့် ခရီးသွားနိုင်တော့မည့် Hyperloop စမ်းသပ်မှုအောင်မြင် (ရုပ်သံ)

A d v e r t i s e m e n t With Us

May 13, 2016

အသံရဲ့ မြန်နှုန်းဖြင့် ခရီးသွားနိုင်တော့မည့် Hyperloop စမ်းသပ်မှုအောင်မြင် (ရုပ်သံ)

အနာဂတ် သယ်ယူပို့ဆောင်ရေးစနစ်အဖြစ် မျှော်မှန်းကြိုးစားနေတဲ့ ဟိုင်ပါလုပ်ပ် (Hyperloop) မြန်နှုန်းမြင့်ခရီးသွားစနစ်ကို ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ်မှာ အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ကြပါတယ်။ ဒီနည်းပညာစမ်းသပ်မှုကို သတင်းမီဒီယာတွေကို ပထမဆုံးပြသခဲ့တာဖြစ်ပါတယ်။ အခုစမ်းသပ်နေတဲ့ Hyperloop နည်းပညာကတော့ ရေပိုက်လုံးလို လေဖိအားနည်း ပြေးလမ်းထဲမှာ လူနဲ့ ကုန်ပစ္စည်းတွေ အသံရဲ့ မြန်နှုန်းနဲ့ ခရီးသွားနိုင်ကြမှာဖြစ်ပါတယ်။ ဒီပထမဆုံး စမ်းသပ်မှုမှာ ၁ နာရီ ၁၁၆ မိုင်အမြန်နှုန်းကို ၁.၁ စက္ကန့်အတွင်း ရရှိခဲ့ပါတယ်။ နောက်လာမယ့် ၅ နှစ်အတွင်း လော့အိန်ဂျလိဒ်နဲ့ ဆန်ဖရန်စစ္စကိုမြို့ကို နာရီဝက်အတွင်း ခရီးသွားနိုင်မယ်လို့ အကောင်အထည်ဖော်နေကြတဲ့ ပညာရှင်တွေက မျှော်မှန်းထားကြပါတယ်။ ဒီနည်းပညာကို နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ကားကုမ္ဗဏီကြီးဖြစ်တဲ့ တယ်စ်လာ (Telsa) ကားကုမ္ဗဏီ ထူထောင်သူ အယ်လွန် မွစ်က် (Elon Musk)က ၂၀၁၃ ခုနှစ်က စဉ်းစားမိခဲ့ပြီး တခြားနည်းပညာကုမ္ဗဏီတွေလည်း ပူးပေါင်းအကောင်အထည်ဖော်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီနည်းပညာနဲ့ ၂၀၁၉ ခုနှစ်မှာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ ၂၀၂၁ ခုနှစ် မှာတော့ လူတွေ ခရီးသွားနိုင်ရေး မျှော်မှန်းကြိုးစားနေကြပါတယ်။ လက်ရှိသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အင်ပြည့်အားပြည့်အစားထိုးနိုင်ရေးနဲ့ နည်းပညာအခက်အခဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။
5 years Ago
Up