အသံဗုံးပေါက်ကွဲ

May 9, 2021

ကညွှတ်ကွင်းမြို့ တွင် အသံဗုံးပေါက်ကွဲ

ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ကျွန်းတော (၂) လမ်းက နေအိမ်ခြံဝင်းနားမှာ မေ ၈ ရက် ည ၁၁ နာရီခွဲလောက်က အသံဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ပေါက်ကွဲမှုမဖြစ်ခင် မြို့တွင်း ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို စစ်ဆေးခဲ့တာကြောင့်  အခုပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က လုပ်တာဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောနေပါတယ်။

ဗုံးပေါက်ချိန်ဟာ ပြည်သူတွေ လမ်းပေါ် သွားလာရဲတဲ့အချိန် မဟုတ်သလို ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတချို့ဟာ ပေါက်ကွဲတဲ့လမ်းဘက်ကနေ ထွက်လာတာကို တွေ့ရှိသူတွေလည်း ရှိခဲ့ပါတယ်။

ဗုံးပေါက်ရာ နေရာရောက်လာတဲ့ ရဲတချို့ဟာ အဲဒီနေရာက တွေ့ရတဲ့ ပစ္စည်းတွေဟုဆိုကာ လက်ဖက်ရည်ဆိုင်နဲ့ ရင်းနှီးသူတွေကို ပြသပြီး ဝါဒဖြန့်နေတယ်လို့လည်း ပြည်သူတွေက ပြောပါတယ်။

လတ်တလောမှာတော့ အခုကိစ္စကို အကြောင်းပြုပြီး နေအိမ်တွေကို ရှာဖွေတာ ဖမ်းဆီးတာတွေလည်း လုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်နေရပါတယ်။

7 months Ago

May 1, 2021

ရွှေပြည်သာ အမှတ် ၅ ရပ်ကွက်ရုံး အသံဗုံးပေါက်ကွဲ

ရန်ကုန် ရွှေပြည်သာမြို့နယ် ၊ အမှတ် ၅ ရပ်ကွက်ရုံးမှာ မေလ ၁ ရက် ၁၁ နာရီခွဲလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ပျက်စီးတာမရှိလို့ အသံဗုံးပေါက်တာဖြစ်နိုင်တယ်လို့ အမှတ် ၅ ရပ်ကွက်ရုံးနားနေထိုင်သူတွေကတော့  ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင် ရဲနဲ့စစ်တပ်ရောက်ရရှိလာပြီး လမ်းသွား လမ်းလာတွေကို တားဆီးစစ်ဆေးကာ နေ့လည် ၁ နာရီကျော်လောက်မှာ ပြန်သွားတယ်လို့ သိရပါတယ်။

ရန်ကင်းမြို့နယ် မြန်မာပလာဇာအနီးမှာလည်း ဒီနေ့ နေ့လည် ၁ နာရီလောက်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို မနက်အစောပိုင်းကလည်း တောင်ဒဂုံမှာ YBS ကား ၂ စီးမီးလောင်ခဲ့ပါတယ်။

7 months Ago
Up