အသံဗုံးကွဲ

May 7, 2021

မြစ်သားမြို့နယ် စည်ပင်ရုံးတွင် အသံဗုံးကွဲ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မှာ ဒီကနေ့ မေလ ၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်လောက်က မြို့နယ်စည်ပင်သာယာရေးရုံးရှေ့မှာ အသံဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မြစ်သားမြို့မှာ ပထမဆုံးပေါက်ကွဲတာ ဖြစ်ပြီး စည်ပင်ရုံးက Non CDM ဝန်ထမ်းတွေကို အခွန်ကောက်ဖို့အစည်းအဝေးခေါ်ထားချိန်မှာ ဗုံးပေါက်ကွဲသွားတာပါ။ ပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်မှုရှိတဲ့သတင်းတွေကတော့ မရရှိပါဘူး။

7 months Ago

ဗန်းမော်မြို့တွင် အသံဗုံးကွဲ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က လမ်းဆုံ မီးပွိုင့်မှာ မေလ ၇ ရက် မနက် ၆ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုမှာ အသံကျယ်လောင်ပြင်းထန်ပေမဲ့ ထိခိုက်ဒဏ်ရာရသူတွေ မရှိဘဲ  အသံဗုံးသာဖြစ်နိုင်တယ်လို့  ဗန်းမော်မြို့ခံတွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ အခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ CJ

7 months Ago
Up