အသံထက်မြန်

October 8, 2020

ပူတင်မွေးနေ့ ၌ အသံထက်မြန်သည့် ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ်

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ အောက်တိုဘာ ၆ ရက်မှာ အသံထက်မြန်တဲ့ ဇစ်ခွန်ခရုဇ်ဒုံးကျည်ကို အောင်အောင်မြင်မြင်  စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ အကြီးတန်းတပ်မှူး တစ်ယောက်က သမ္မတ ပူတင်ကို  ပြောကြားခဲ့ပါတယ်။   ဘဲရန့်ပင်လယ်အတွင်း အက်ဒ်မစ်ရယ် ဂေါ့ရှ်ကို့ဗ်သင်္ဘောကနေ အသံထက်မြန်တဲ့  ဇစ်ခွန် ခရုဇ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့  ကြည်းတပ်ဦးစီးချုပ်က  ဗွီဒီယိုကွန်ဖရင့်ကနေ သမ္မတ ပူတင်ကို  ပြောဆိုခဲ့တာပါ။  သမ္မတ ပူတင်ကလည်း ဇစ်ခွန်စနစ် အောင်မြင်မှုဟာ ရုရှားတပ်မတော်အတွက်တင် မဟုတ်ဘဲ တနိုင်ငံလုံးရဲ့အောင်မြင်မှုဖြစ်တယ်လို့ ပြောပါတယ်။  ရုရှားတပ်မတော်ကို ပြိုင်ဘက်ကင်း လက်နက်အသစ်အဆန်းတွေ တပ်ဆင်ခြင်းအားဖြင့် ရေရှည်မှာ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းအားကို သေချာစေလိမ့်မယ်လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။
7 months Ago
Up