အသံထက်မြန်သည့်

December 27, 2018

အသံထက်မြန်သည့် ဒုံးကျည်တပ်ရင်းကို ရုရှားက လာမည့်နှစ်တွင် တပ်ချမည်

ရုရှားဟာ သူ့ရဲ့ ပထမဆုံးဖြစ်တဲ့ အသံထက်မြန်တဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တပ်ရင်းကို လာမယ့်နှစ်မှာ တပ်ချထားတော့မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဒီဇင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ သူ့နိုင်ငံမှာ ဗျူဟာမြောက် လက်နက်ပုံစံသစ် ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလို့လည်း ပူတင်က ပြောပါတယ်။ အာဗန်ဂါ့ဒ်လို့ခေါ်တဲ့ ဒုံးကျည်စနစ်သစ်ကို တပ်မချခင် အကြိုစမ်းသပ်နေတယ်လို့ ပူတင်က ဆိုပါတယ်။ မတ်လတုန်းက ပူတင် ကြေညာခဲ့တဲ့ လက်နက်အသစ်တွေ အတော်များများထဲက တခုဖြစ်တဲ့ ဒုံးကျည်စနစ်သစ်ဟာ နိုင်နိုင်နင်းနင်း စီမံကိုင်တွယ်နိုင်စွမ်း မြင့်တယ်။ ဒုံးကျည် ကာကွယ်ရေး စနစ်တွေကို အလွယ်တကူ ထိုးဖောက်နိုင်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က စမ်းသပ်မှုကို ပူတင်ဟာ ရုရှားမြို့တော် မော်စကိုက ကာကွယ်ရေး ဝန်ကြီးဌာနကနေ အဝေးထိန်းစနစ်နဲ့ လေ့လာခဲ့ပါတယ်။ ရုရှားနိုင်ငံ အနာက်တောင်ပိုင်းက နေရာတခုကနေ လွှတ်တင်ခဲ့တဲ့ အာဗန်ဂါ့ဒ် ဒုံးကျည်ဟာ ရုရှား အရှေ့ပိုင်းက ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိမှန် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားအစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီဒုံးကျည်အပါအဝင် လက်နက်သစ်တွေဟာ ကမ္ဘာပေါ်က ပစ်မှတ် အားလုံးနီးပါးကို ထိမှန်နိုင်တယ်။ အမေရိကန်က တည်ဆောက်ထားတဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်ကိုလည်း ထိုးဖောက်နိုင်တယ်လို့ ပူတင်က မတ်လမှာ ကြေညာခဲ့ပါတယ်။
2 years Ago

April 6, 2018

အသံထက်မြန်သည့် ခရီးသည်တင် အာကာသယာဉ် ပျံသန်းမှု အောင်မြင် (ရုပ်သံ)

ခရီးသည်တင် အာကာသယာဉ် Virgin Space Ship Unity ဟာ သူ့ရဲ့ ပထမဆုံးအကြိမ် အနေနဲ့ အသံထက်မြန်တဲ့ ပျံသန်းမှု အောင်မြင်ပြီးစီးခဲ့ပြီလို့ Virgin Galactic ကုမ္ပဏီက ဧပြီ ၅ ရက်နေ့မှာ ကြေညာပါတယ်။ Virgin Galactic စွန့်စားမှု အခြေပြုလုပ်ငန်းကြီးရဲ့ ကုန်စည်ထုတ်လုပ်မှု အပိုင်းဖြစ်တဲ့ The Spaceship Company ရဲ့ ယူနတီ အာကာသယာဉ်ဟာ သုတေသန ပညာရှင်တွေ စီးပွားရေးလုပ်ငန်း ဖောက်သည်တွေနဲ့ စွန့်စားမှု ဝါသနာအိုးတွေကို အာကာသထဲ ခရီးတိုသွားဖို့ ပုံစံထုတ် တည်ဆောက်ထားပါတယ်။ ယူနတီအာကာသယာဉ်ကို မိုဂျာဗီ အာကာသစခန်းက WhiteKnightTwo အာကာသယာဉ် လွှတ်တင်ရေးယာဉ်ကနေ လွှတ်တင်ခဲ့တာလို့ ဗာဂျင်က ပြောပါတယ်။ အာကာသယာဉ် လွှတ်တင်ရေး ယာဉ်ကနေ ပေ လေသောင်း ၆ ထောင်ကျော် ခွာထွက်လာအပြီးမှာ ဟိုက်ဘရစ်ဒုံးကျည် မော်တာရဲ့ စွမ်းအင်နဲ့ အသံထက်မြန်တဲ့ ပျံသန်းမှုကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ပြီးနောက် ပြေးလမ်းပေါ် ပြန်ဆင်းသက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ခွဲက ညီအမ အာကာသယာဉ်တစီး ကာလီဖိုးနီးယားပြည်နယ် မိုဂျာဗီ ကန္တာရထဲမှာ ပျက်ကျလို့ လေယာဉ်မှူး တယောက် သေဆုံးအပြီး ထပ်မံစမ်းသပ်ခဲ့တာပါ။ ယူနတီ အာကာသယာဉ် စမ်းသပ်ပျံသန်းမှု အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်ဟာ မှတ်တိုင်သစ်ပဲလို့ ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။ ခရီးသည် ၆ ယောက်နဲ့ လေယာဉ်မှူး ၂ ဦး သယ်ဆောင်နိုင်တဲ့ အာကာသယာဉ်ဟာ ကမ္ဘာမြေအထက် ၆၂ မိုင် အမြင့်ထိ ရောက်နိုင်ဖို့ ပုံစံထုတ်ထားပါတယ်။ ခရီးသည်တွေဟာ အာကာသရဲ့ အနက်ရောင် နောက်ခံမှာ ကမ္ဘာမြေကို မြင်နိုင်ပြီး အလေးချိန် ကင်းမဲ့တဲ့ ခံစားချက်ကို မိနစ်ပိုင်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ လူတယောက်ကို ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမယ့် အာကာသခရီးစဉ်ကို လိုက်ပါစီးနင်းဖို့ ခရီးသည် အယောက် ၇၀၀ နီးပါး စာရင်းပေးသွင်းထားပါတယ်။ ရုပ်သံ-Virgin Galactic
3 years Ago
Up