အမေရိကန်နိုင်ငံ မီချီဂံပြည်နယ် အုတ်ခ်လန်းမြို့နယ်ထဲက အိမ်တအိမ်ပေါ်ကို အသေးစား လေယာဉ်တစီး ထိုးကျခဲ့လို့ လူ ၃ ဦး သေဆုံးတယ်လို့ ဒေသခံမီဒီယာက ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။
သေဆုံးသူတွေဟာ လေယာဉ်မှူးနဲ့ ခရီးသည် ၂ ယောက် ဖြစ်မယ်လို့ ယုံကြည်ရကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးက မီဒီယာကို ပြောပါတယ်။
လေယာဉ်ဟာ အိမ်ရဲ့ဧည့်ခန်းထဲကို ပျက်ကျတာဖြစ်ပြီး အဲဒီအချိန်မှာ အိမ်သားတွေက အိမ်ရဲ့ တခြားအခန်းတွေထဲမှာ ရှိနေခဲ့တယ်လို့ အိမ်ရှင်တွေက ပြောပါတယ်။
အိမ်နီးချင်း တယောက်က “လေယာဉ်ပျက်ကျလို့ အိမ်ရှင်ရဲ့ ကြောင်တော့ သေဆုံးခဲ့ပါတယ်။ အဲဒီနေ့က အမှိုက်ပစ်တဲ့နေ့ပါ။ အပြင်မှာ ဆူညံသံတွေ အများကြီး ကြားနေရတော့ အာရုံမစိုက်လိုက်မိဘူး။ ကျနော် တွက်လိုက်တာက အမှိုက်ကားတွေလို့ ထင်လိုက်တာ” လို့ ပြောပါတယ်။
လေယာဉ်ပျက်ကျမှုကို ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲရေးရုံးက ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။
2 months Ago