အသေဖမ်

A d v e r t i s e m e n t With Us

May 1, 2020

အာဆာအကြမ်းဖက်အဖွဲ့နှင့်ဆက်နွှယ်သူ ၂ ဦးကို အသေဖမ်းမိဟု တပ်မတော်ထုတ်ပြန်

အာဆာအကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်သူနှစ်ဦးကို မူးယစ်ဆေးဝါးတွေ၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ အသေဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၂၉ ရက်မနက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၄၁ ရဲ့ မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာမှာ မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦးအား တွေ့ရှိခဲ့ပြီး စစ်ဆေးဖို့ ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားတဲ့အတွက်  သတိပေးပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ လိုက်လံရှာဖွေရာမှာ ဘင်္ဂါလီအမျိုးသားနှစ်ဦးကို UNICEF  တံဆိပ်ပါအပြာနုရောင် ကျောပိုးအိတ်အထဲက အချင်း ၄ လက်မ၊ အမြင့် ၆ လက်မရှိ သံဘူးနဲ့ ပြုလုပ်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း ၁ လုံး၊ မိုင်းပြု လုပ်ရာမှာအသုံးပြုတဲ့ ဝါယာကြိုးတွေ ဓာတ်ခဲတွေနဲ့ ဓားရှည် ၁ ချောင်း၊ WY စာတန်းပါစိတ်ကြွဆေး ၄၇၅၀၀ ပြားတို့နဲ့အတူ အသေတွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။ အဒီ အမျိုးသား ၂ ဦးဟာ နယ်စပ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို  မိုင်းထောင်၊ မိုင်းဆွဲ၊ မူးယစ်ဆေးဝါးသယ်ဆောင်တာတွေလုပ်နေတဲ့ ARSA  အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေနဲ့  ပတ်သက်ဆက်နွှယ်နေသူတွေ ဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
10 months Ago
Up