အသေခံ ဗုံးဖောက်ခွဲမှု

A d v e r t i s e m e n t With Us

February 18, 2020

ပါကစ္စတန်တွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် ၁၀  ဦးသေ၊ ၃၅ ဦးဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကတ်တာမြို့မှာ ရဲကားတစီးကို ဖေဖော်ဝါရီ ၁၇ ရက်က အသေခံ ဗုံးဖောက်ခွဲခဲ့လို့ လူ ၁၀ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ အရပ်ဘက်ဆေးရုံမှာတော့ လူနာ ၃၅ ယောက် ရောက်လာတယ်လို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။ အာဖဂန်နစ္စတန်နဲ့ အီရန်နိုင်ငံတို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘာလူချီစတန်ပြည်နယ်ရဲ့ မြို့တော်က ပေါက်ကွဲမှုမှာ ရဲအရာရှိ ၂ ယောက်လည်း သေဆုံးတယ်လို့ အကြီးတန်း ရဲအရာရှိက အတည်ပြု ပြောဆိုပါတယ်။ အသေခံဗုံးခွဲသမားဟာ ဘာသာရေးအုပ်စုတစုရဲ့ စီတန်းလှည့်လည်ပွဲကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲက သူ့ကို တားချိန်မှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တယ်လို့ ကတ်တာမြို့ရဲစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။ အရင်လကလည်း ဒီမြို့မှာပဲ ညနေခင်း ဝတ်ပြုချိန်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့လို့ လူ ၁၃ ယောက် သေဆုံးပါတယ်။  သယံဇာတကြွယ်ဝတဲ့ ဒီခရိုင်ဟာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်းရဲ့ အချက်အချာ ဖြစ်သလို တရုတ်အစိုးရရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်း အခြေခံအဆောက်အဦ စီမံကိန်းကြီးရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် တရုတ်အနောက်ပိုင်းကနေ ပါကစ္စတန် တောင်ပိုင်း ဂွါဒါဆိပ်ကမ်းကို ချိတ်ဆက်ထားတဲ့ စွမ်းအင်ပိုက်လိုင်းတွေလို စီမံကိန်းတွေအတွက် လုံခြုံရေး စိုးရိမ်ရပါတယ်။
1 year Ago

November 13, 2019

အင်ဒိုနီးရှား မေဒန်မြို့ ရဲဌာနချုပ်တွင် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမားတြားပြည်နယ်၊ မေဒန်မြို့က ရဲဌာနချုပ်အပြင်ဘက်မှာ အသေခံ ဗုံးဖောက်ခွဲမှုလို့ သံသယရှိတဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။ ဗုံးပေါက်ကွဲမှုအတွင်း အသေခံဗုံးခွဲသမားလို့ သံသယရှိသူ သေဆုံးခဲ့တယ်လို့ မြောက်ဆူမားတြားပြည်နယ်ရဲဌာန ပြောခွင့်ရ တာတန်ဒီဆန် အက်မာဂျာက  တယ်လီဖုန်းနဲ့ ပြောပါတယ်။ ဒီနေ့မနက် ၈ နာရီ မိနစ် ၄၀ လောက်မှာ ဗုံးပေါက်ခဲ့ပြီး ရဲဝန်ထမ်းတချို့လည်း ဒဏ်ရာရခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။ အခင်းဖြစ်တဲ့ ရဲဌာနချုပ် အဆောက်အအုံ အပြင်ဘက်ကို လူတွေ ပြေးထွက်လာတဲ့ ရုပ်သံဖိုင်ကို အင်ဒိုနီးရှား ရုပ်သံလိုင်းတွေက ထုတ်လွှင့်ခဲ့ကြပါတယ်။
1 year Ago
Up