အသုံးပြုခဲ့

February 3, 2018

မြင်းခြံမြို့နယ် ဖွံ့ဖြိုးရေး ကျပ်သိန်း ၁ သောင်းကျော် အသုံးပြုခဲ့

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ စည်​ပင်​သာယာ​ရေး​​​ကော်မတီ​က မြို့နယ်​ ဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်​မှာ ​ငွေကျပ်​ သိန်း​ပေါင်း ၁ ​သောင်း ​ကျော်​ အသုံးပြုခဲ့တယ်​လို့ စည်ပင်က ပြောပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်​မှာ မြင်းခြံမြို့နယ်​ စည်​ပင်​သာယာ​ရေး ​​ကော်မတီ​အ​နေနဲ့ ​ကောက်​ခံရရှိတဲ့ အခွန်​​ငွေများထဲမှ သာမာန်​အသုံးပြု​ငွေဟာ ကျပ်​သိန်း​ပေါင်း ၅၀၆၀၀ ​ကျော်​ ရှိခဲ့ပြီး၊ အခြား လမ်းတံတားနဲ့တည်​​ဆောက်​​ရေးလုပ်​ငန်းတွေအတွက်​ ကျပ်​သိန်း​ပေါင်း ၆၀၃၀၀ ​ကျော်​ အသုံးပြုခဲ့တယ်​လို့ ဆိုပါတယ်​။ ပြီးခဲ့တဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်​မှာ​တော့ ​ကောက်​ခံရရှိတဲ့ အခွန်​​ငွေဟာ ကျပ်​သိန်း​ပေါင်း ၁၀၃၄၂ သိန်း ​ကျော်​ရှိခဲ့ပြီး၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်​မှာ​တော့ ​ကောက်​ခံရရှိတဲ့ အခွန်​​ငွေ​ပေါင်းဟာ ​ငွေကျပ်​ သိန်း​ပေါင်း ၁၁၉၆၆ သိန်းအထိ ရရှိခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်​ထက်​ ကျပ်​ သိန်း​ပေါင်း ၂၈၀၀ ​ကျော်​အထိ တိုးမြင့် ​ကောက်​ခံရရှိခဲ့တယ်​လို့ ​ပြောပါတယ်​။ မြင်းခြံမြို့နယ်​ စည်​ပင်​သာယာ​ရေး​​ကော်​မတီ ဥက္ကဋ္ဌ ​ဒေါက်​တာဝင့်သူက "ကျ​နော်​တို့ စည်​ပင်​က ကိုယ့်​​ငွေနဲ့ကိုယ်​ ရပ်​တည်​ရတာပါ။ ဝန်​ကြီးဌာန​တွေနဲ့ မတူတာက​တော့ အခြားဝန်​ကြီးဌာန​တွေက နိုင်​ငံ​တော်​ဆီမှာ ​တောင်းခံလို့ရတယ်​။ မိမိတို့မြို့ကိုလည်း ​ကောက်​ခံရရှိတဲ့ အခွန်​​ငွေနဲ့ အသုံးပြုရတာပါ။ ပြီး​တော့ စစ်​ကိုင်း၊ ​ကျောက်​ဆည်​၊ ​ညောင်​ဦး စတဲ့ မြို့​တွေဆိုရင်​ ကျ​နော်​တို့ မြင်းခြံထက်​ အခွန်​​ငွေ ပိုမိုရရှိ​နေတာပါ။ မန္တတိုင်းထဲမှာ​တော့ မြင်းခြံမြို့က အခွန်​​ငွေရရှိမှု အနည်းဆုံးပါပဲ။ ၂၀၁၇-၂၀၁၈ ဘတ်​ဂျက်​နှစ်​မှာ​တော့ ကျ​နော်​တို့ စည်​ပင်​က အဆင့်မြင့်ကတ္တရာလမ်း​တွေကို ယခင်​နှစ်​ထက်​ ၂ မိုင်​ ၆ ဖာလုံ​ကျော်​ပိုပြီး ခင်း​ပေးနိုင်​ခဲ့ပါတယ်​။ ရပ်​ကွက်​​နေ ပြည်​သူ​တွေလည်း ပူး​ပေါင်းပါဝင်​တာ​တွေရှိခဲ့ပါတယ်​။ လာမယ့် ဘတ်​ဂျက်​နှစ်​မှာ​တော့ ​ရေ​မြောင်း​တွေကို အဓိကထားပြီး လုပ်​​ဆောင်​သွားမှာပါ” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ မြင်းခြံမြို့ပေါ် ရပ်​ကွက်​​တွေက လမ်း​တွေကို ပြန်​လည်​ပြုပြင်​ရာမှာ ရပ်​ကွက်​​နေပြည်​သူလူထုရဲ့ ထည့်ဝင်​​ငွေနဲ့အတူ မြင်းခြံစည်​ပင်​မှ ကတ္တရာ​စေးနဲ့ လမ်းခင်းရာမှာ​ အသုံးပြုတဲ့စက်​များ ကူညီပံ့ပိုး​ပေး​နေတာလည်း ဖြစ်​ပါတယ်​။ “စည်​ပင်​က လမ်း​တွေပြင်​​​​ပေးနေတာ ​ကောင်းပါတယ်​။ ရပ်​ကွက်​​တွေကလည်း မိမိတို့လမ်း​တွေကို ​ကောင်း​စေချင်​​တော့ ပိုက်​ဆံ​တွေထည့်ပြီး လမ်းပြင်​နေကြတာပါ၊ စည်​ပင်​အ​နေနဲ့က ကတ္တရာ​စေးနဲ့ စက်​​တွေ​တော့ ကူညီတာ​ပေါ့။ ဒါ​ပေမယ့် တကယ်​လမ်း​ကောင်းဖြစ်​ဖို့ဆိုရင်​ စည်​ပင်​က ကူညီတဲ့ ကတ္တရာ​စေးက ပါဝင်​မှုက နည်း​တော့ ထင်​သ​လောက်​လမ်း​တွေ မ​ကောင်းပါဘူး” လို့ ရပ်​ကွက်​​နေ ပြည်​သူတ​ဦးက ​ပြောပါတယ်​။ သတင်း ရီရီထွန်း (မြင်းခြံ)
4 years Ago
Up