အသုံးပြုဖွယ်ရှိ

October 27, 2019

ဂျူဗင်တပ်စ်အသင်း အန်ဘာပေးကို ခေါ်ယူရန် ပေါင်သန်း ၃၃၀ ခန့် အသုံးပြုဖွယ်ရှိ

ဂျူဗင်တပ်စ်အသင်းဟာ ကိုင်လ်ယန် အန်ဘာပေးကို ခေါ်ယူဖို့ ပေါင်သန်း ၃၃၀ လောက် သုံးစွဲသွားဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ အသက် ၂၀ အရွယ်သာရှိပေမယ့် ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားရရှိထားသူ အန်ဘာပေးဟာ ဘောလုံးလောကရဲ့ အထွန်းတောက်ဆုံး လူငယ်ကစားသမား ဖြစ်လာဖို့ စိတ်ဝင်တစား စောင့်ကြည့်ခံနေရသူ ဖြစ်ပါတယ်။ အန်ဘာပေးကို ခေါ်ယူဖို့ ပေါင်သန်း ၃၃၀ လောက် ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ သတင်းတွေဟာ အမှန်တကယ်ဖြစ်လာနိုင်ပြီး ဥရောပ အောင်မြင်မှု ငတ်မွတ်နေတဲ့ ဂျူဗင်တပ်စ်အသင်းအတွက်လည်း အဖြေတခု ဖြစ်လာဖို့ ပရိသတ်တွေက မျှော်လင့်နေပါတယ်။  ရော်နယ်ဒိုကို ပေါင်သန်း ၁၀၀ ပေး ခေါ်ယူခဲ့ပြီးနောက်မှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနိုင်ဖို့ ကြိုးစားနေတဲ့ ဂျူဗင်တပ်စ်အနေနဲ့ အန်ဘာပေးကို တန်ကြေးမြင့်မားစွာပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
2 years Ago
Up