အသုဘပန်းခွေပေး လက်ထပ်ခွင့်တောင်းသည့် အမျိုးသားကို ချစ်သူက ဘယ်လိုတုံ့ပြန်ခဲ့သလဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

November 6, 2016

အသုဘပန်းခွေပေး လက်ထပ်ခွင့်တောင်းသည့် အမျိုးသားကို ချစ်သူက ဘယ်လိုတုံ့ပြန်ခဲ့သလဲ (ရုပ်သံ)

နိုဝင်ဘာလ ၃ ရက်နေ့ နေ့လယ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြို့တမြို့က လူငယ်အမျိုးသားတဦးဟာ သူ့ရဲ့ချစ်သူအမျိုးသမီးကို လူကြားထဲမှာ ပန်းခွေပေးပြီး လက်ထပ်ခွင့်တောင်းခဲ့ပုံကို ဗွီဒီယို ရုပ်သံမှာ တွေ့မြင်ရမှာပါ။ လူငယ်အမျိုးသားလေးဟာ လူစည်ကားတဲ့ မြို့လည်ကောင်မှာ ဒူးထောက်ပြီး သူက သူရဲ့ မဆုံးနိုင်မယ့် အချစ်ကို ကိုယ်စားပြုတဲ့အနေနဲ့ ပန်းခွေတခွေကို ကိုင်ပြီး ချစ်သူကောင်မလေးကို လက်ထပ်ခွင့် တောင်းခဲ့တာပါ။ ဒါပေမယ့် ဒီပန်းခွေဟာ တရုတ်နိုင်ငံမှာ အသုဘအခမ်းအနားတွေအတွက် သုံးတဲ့ ပန်းခွေ ဖြစ်နေလို့ ကောင်မလေးက အကြီးအကျယ် စိတ်ဆိုးသွားပြီး အမျိုးသားရဲ့မျက်နှာကို ဖြတ်ရိုက်၊ ပန်းခွေကို ပုတ်ချလွှင့်ပစ်ခဲ့ပြီး ထွက်သွားကာ ကောင်လေးကတော့ ကောင်မလေးနောက်ကို အပြေးအလွှား လိုက်သွားတာကို ဗွီဒီယိုရုပ်သံမှာ မြင်ရမှာပါ။
4 years Ago
Up