အသုဘခေါင်းတလား

A d v e r t i s e m e n t With Us

December 30, 2019

ထိုင်းတွင် အသုဘခေါင်းတလားဖြင့် ယာဉ်အန္တရာယ်သတိပေးလှုံ့ဆော်

၂၀၂၀ နှစ်သစ်ကူးကာလ မတော်တဆယာဉ်ထိခိုက်မှုတွေ လျော့ပါးဖို့အတွက် ထိုင်းနိုင်ငံအလယ်ပိုင်း ဆရပူရီခရိုင်မှာ အသုဘခေါင်းတလားနဲ့ ယာဉ်အန္တရာယ်သတိပေး လှုံ့ဆော်နေပါတယ်။ ဒီအစီအစဉ်ကို ဆရပူရီခရိုင် ဘန့်မော်မြို့  ဘန့်မော်ဖရဖုတ်ထလမ်းရှိ ဆိုင်ဒေါင်း အသုဘခေါင်း အရောင်းဆိုင်ရှင်တဦး သူ့ဆိုင်ရှေ့မှာ အခေါင်းတွေထုတ်ပြပြီး လှုံ့ဆော်နေတာပ‌ေ။  အဆိုပါ ခေါင်းတလားတွေပေါ်မှာ “မူးပြီးမောင်းမယ်ကြံရင် အခေါင်းကြိုတင်မှာထား” လို့ အဓိပ္ပာယ်ရတဲ့ ဆိုင်းဘုတ်တပ်ထားပြီး မော်ဒယ်မိန်းကလေးတွေကလည်း အရက်မူးပြီး ယာဉ်မောင်းရင် အသက်အန္တရာယ်ရှိနိုင်တဲ့အကြောင်း၊ အကောင်းဆုံးက မူးရင်မမောင်းပါနဲ့၊ ဘေးကင်းစွာအိမ်ပြန်ရောက်ကြပါစေ စတဲ့ သံချပ်တွေနဲ့ ပညာပေးပြီး ဖျော်ဖြေကပြနေပါတယ်။  ဒါတင်မကဘဲ သက်ဆိုင်ရာက ထုတ်‌ဝေထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ယာဉ်အန္တရာယ်ကာကွယ်ရေး၊ အရေးပေါ်ဆက်သွယ်ရမယ့်ဖုံးနံပါတ်တွေပါ ပါဝင်တဲ့  လက်ကမ်းစာစောင်တွေပါ လမ်းသွားလမ်းလာတွေကို ‌ဝေငှပေးနေပါတယ်။   ထိုင်းမှာ နှစ်သစ်ကူးကာလ မတော်တဆထိခိုက်မှု သတိထားစောင့်ကြည့်ရမယ့်ကာလကို ၂၀၁၉ ဒီဇင်ဘာ ၂၇ မှ ၂၀၂၀ ဇန်နဝါရီ ၂ ရက်နေ့ထိ ( ၇ ) ရက်တာ သတ်မှတ်ထားပါတယ်။  ကိုးကား - မဒီချွန်းထိုင်းသတင်း
1 year Ago
Up