အသုဘ

March 13, 2021

သာကေတ ကျဆုံးသွားသူ ၂ ဦးအား အသုဘချရန် ထောက်ခံစာသွားယူသည့် မိသားစုကို ရဲက အမှုဖွင့်ခိုင်းနေ

သာကေတမှာ  မတ် ၁၂ ရက်နေ့ ညပိုင်းက သေနတ်ပစ်ခံရပြီး ကျဆုံးသွားသူနှစ်ဦး အသုဘချဖို့ မိသားစုဝင်တွေက ထောက်ခံစာသွားယူရာမှာ ရဲတပ်ဖွဲ့က သေမှုသေခင်း အမှုဖွင့်ခိုင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘယ်မှာ ဘယ်အချိန်က ဘာကြောင့် ပစ်ခံရတယ်ဆိုတာ စစ်မေးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကျဆုံးသွားသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို နေအိမ်မှာ အသုဘချဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ္။

ကျဆုံးသွားသူနှစ်ဦးမှာ ကိုစည်သူ အသက် ၃၁ နှစ်က မျက်နှာကို ကျည်ဆန်ထိမှန်ပြီး ကိုအောင်ဇော် ၄၁ နှစ်ကတော့ လည်ပင်းကျည်ထိမှန်ကာ သေဆုံးခဲ့တာလို့ သိရပါတယ်။

မတ် ၁၂ ရက်နေ့ညပိုင်းက သာကေတမြို့နယ်  ဆီဆိုင်မှတ်တိုင်နား သုမနလမ်းမပေါ်မှာ လူငယ်သုံးဦးကို ရဲနဲ့ စစ်တပ်က ရိုက်နှက်ဆဲဆို ဖမ်းဆီးတဲ့အတွက် သာကေတလူထုက အမှတ် ၁ ရဲစခန်းမှာ ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာကို သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့တာပါ။

Photo - JPaing / MPA

9 months Ago
Up