အသိပေးလှုံ့ဆော်

June 2, 2018

ပလတ်စတစ်ညစ်ညမ်းမှုကို အသိပေးလှုံ့ဆော်သည့် အခမ်းအနားကျင်းပ (ဓာတ်ပုံ)

ဇွန် ၂ ရက်နေ့ဟာ  ပလတ်စတစ်ညစ်ညမ်းမှုကို ဆန့်ကျင်သောနေ့ဖြစ်ပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အသိပေးလှုံ့ဆော်တဲ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ‘ညစ်ညမ်းမှုလှိုင်း’ လို့ အမည်ရတဲ့ ဒွန်ရိုက်ရဲ့ပလတ်စတစ်ဘူးတွေနဲ့ ပလတ်စတစ် အိတ်တွေကိုသာ အသုံးပြုတဲ့ အနုပညာတင်ဆက်ပြသမူကို ဂျန်းရှင်းစီးတီးမှာ ဇွန် ၂ ရက်နေ့လယ်ပိုင်းက ပြသခဲ့တာပါ။ ဒီအစီအစဉ်ကို ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံအခြေစိုက် ဥရောပ ကိုယ်စားလှယ်တွေ၊ ပြင်သစ်သံရုံး၊ ရွှေတောင်အဖွဲ့၊ Trash Hero Myanmar အဖွဲ့တွေက ဆောင်ရွက်ခဲ့တာပါ။ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပြီး ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ ပလတ်စတစ်ညစ်ညမ်းမှုအား ဆန့်ကျင်တိုက်ထုတ်ပါ (Beat Plastic Pollution) လို့ အမည်ရပါတယ်။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ မတိုင်မီ လူပ်ရှားမှုတွေအဖြစ် အမိုက်ကောက်လှုပ်ရှားမူကို ဇွန် ၂ ရက်နေ့ ညနေပိုင်းကလည်း ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ဆောင်ရွက်ခဲ့ကြပါတယ်။
3 years Ago
Up