အသိပေးမည်

August 28, 2020

ဘာစီလိုနာတွင် ဆက်ရှိ၊မရှိ အသိပေးမည်ဟု တိုက်စစ်မှူးဆွာရက်ဇ်ပြော

ဘာစီလိုနာအသင်းမှာ ဆက်ရှိ၊ မရှိကို အချိန်တန်ရင် အသိပေးသွားမယ်လို့ တိုက်စစ်မှူး ဆွာရက်ဇ်က ပြောပါတယ်။  ဘာစီလိုနာအသင်းဟာ နည်းပြချုပ်နဲ့နည်းစနစ်ဒါရိုက်တာ ရာထူးတွေကို အပြောင်းအလဲ လုပ်ခဲ့ပြီးနောက် ကစားသမားအများစုကိုလည်း ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။ အရောင်းစာရင်းမှာ တိုက်စစ်မှူး ဆွာရက်ဇ်လည်း ပါဝင်နေပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။  အဲဒီကောလာဟလသတင်းတွေနဲ့ပတ်သက်လို့ ဆွာရက်ဇ်က အင်စတာဂရမ်ကနေ ဖြေရှင်းခဲ့ ပြီး သူ့ရဲ့အမည်ကို အသုံးပြုပြီး သတင်းတွေ၊ ဖွနေတဲ့သူတွေ အများကြီးရှိကြောင်းနဲ့  အချိန်တခု ရောက်လာရင် အနာဂတ်နဲ့ပတ်သက်ပြီး မိမိကိုယ်တိုင်ပြောပြသွားမှာဖြစ်ကြောင်း ဆွာရက်ဇ်က ရေးသားခဲ့တာပါ။  ထွက်ပေါ်နေတဲ့ အရာအားလုံးက အမှန်တွေမဟုတ်ကြောင်းလည်း ဆွာရက်ဇ်က Hashtag လုပ်ပြီး ရေးသားခဲ့ပါတယ်။ 
1 year Ago
Up