အသိပညာပေးသီချင်း

A d v e r t i s e m e n t With Us

March 21, 2020

“ဒို့ကမ္ဘာကြီးနေကောင်းပါစေ” ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးသီချင်း (ရုပ်သံ)

ကိုရိုနာ ဆိုသည်မှာ နိုင်ငံတကာ ပေါ်ပြူလာ၊ ကြိုတင်သာ ကာကွယ်ပါ …..…. သီဆိုထားတဲ့ “ဒို့ကမ္ဘာကြီးနေကောင်းပါစေ” ဆိုတဲ့ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး အသိပညာပေး သီချင်းတပုဒ် မနေ့ကစပြီး လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပါတယ်။  ဒီသီချင်းကို L G Moo က ရေးသားပြီး Joseph Poe, Lapaz နဲ့ L G Moo တို့က သီဆိုထားကာ L G Moo ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်က တင်ထားတပါ။  L G Moo ဟာ ကရင်လူမျိုး တေးရေး၊ တေးဆိုတဦးဖြစ်ပြီး မနေ့က တင်လိုက်တဲ့ “ဒို့ကမ္ဘာကြီးနေကောင်းပါစေ” ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး သီးချင်ကိုတော့ လူပေါင်း ထောင်ချီ မျှဝေထားတာကို တွေ့ရပါတယ်။  ပြီးခဲ့တဲ့ ၂ လအောက်က သူရေးသားသီဆိုထားတဲ့ “ငြိမ်းချမ်းကြဖို့ ချစ်ကြစို့” ဆိုတဲ့ သီချင်းဟာလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေသူများပြားခဲ့ပါတယ်။   
10 months Ago
Up