အသားအရောင်ခွဲခြား

April 13, 2019

အသားအရောင်ခွဲခြားသည့် လုပ်ရပ် စိတ်မကောင်းဖြစ်ဟု အော်ဘာမီယန်ပြော

အာဆင်​နယ်​တိုက်​စစ်​မှူး ​အော်​ဘာမီယန်​က အင်္ဂလိပ်​​ဘောလုံး​လောကရဲ့ အသားအရောင်ခွဲခြားတဲ့ လုပ်​ရပ်​ကို စိတ်​မ​ကောင်းဖြစ်​မိ တယ်​လို့​ပြောပါတယ်​။ ပြီးခဲ့တဲ့ ယူရိုပါလိဂ်​မှာ နာပိုလီအသင်းကို အိမ်​ကွင်းမှာ ၂ ဂိုးပြတ်​အနိုင်​ရရှိခဲ့တဲ့ ပွဲစဉ်​အပြီး အခုလို​ပြောကြားလိုက်​တာပါ။ အဲဒီပွဲစဉ်​မှာ နာပိုလီခံစစ်​မှူး ကိုလီဘာလီကို ပရိတ်သတ်က အသား အ​ရောင်​ခွဲခြားဆက်ဆံတာတွေ လုပ်တာဖြစ်ပြီး  ​အော်​ဘာမီယန်​က သူအ​နေနဲ့လည်း ပြီးခဲ့ စပါးနဲ့လမ်​ဒန်​ဒါဘီပွဲစဉ်မှာ အလားတူ ပြဿနနဲ့ ကြုံခဲ့​ကြောင်းပြန်​လည်​​ပြောပြခဲ့ပါတယ်​။ အော်​ဘာမီယန်​ဟာ ငှက်​​ပျောသီးနဲ့ပစ်​​ပေါက်​ခံခဲ့ရတာ​ကြောင့် စိတ်​မ​ကောင်းဖြစ်​​နေပြီး​ အင်္ဂလိပ်​​ဘောလုံး​လောကအ​နေနဲ့  ဒီလုပ်​ရပ်​​တွေကို တိုက်​ထုတ်​ပစ်​ရမှာဖြစ်​တယ်​လို့ ဆိုပါတယ်​။ ဓာတ်ပုံ-The Times
2 years Ago
Up