အသားပိုကြောင့် ကိုယ်ဝန်ဆောင်သဖွယ်ဖြစ်နေသည့် အမျိုးသား ခွဲစိတ်မှုခံယူ

April 25, 2016

အသားပိုကြောင့် ကိုယ်ဝန်ဆောင်သဖွယ်ဖြစ်နေသည့် အမျိုးသား ခွဲစိတ်မှုခံယူ (ဓာတ်ပုံ)

အသက် ၃၃ နှစ်အရွယ် ဇန်ချန်းအမည်ရတဲ့ အမျိုးသားဟာ ၀မ်းဗိုက်တွင်း အသားပိုအလုံးကြောင့် ကိုယ်ဝန်ဆောင်တဦးသဖွယ် ဖြစ်လာခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာတော့ ခွဲစိတ်မှု ခံယူခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ ဇန်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ခရိုင်မှာ နေထိုင်သူတဦးဖြစ်ကာ ၂၀၀၄ ခုနှစ်မှာ ၀မ်းဗိုက်တွင်း အသားပိုရှိနေတာကို သတိထားမိခဲ့ပြီး ကြီးသထက် ကြီးလာခဲ့တယ်လို့ ဆိုပါတယ်။ အသားပိုရဲ့ အလေးချိန်ဟာ ၁၅ ကီလိုဂရမ်ရှိတာမို့ သူ့ကို ကိုယ်ဝန်ဆောင်တဦးကဲ့သို့ ဖြစ်လာစေခဲ့ကာ အတွင်းပိုင်း အစာအိမ်နဲ့ အူ စတဲ့အင်္ဂါတွေကို ဖိအားတခုလို ဖြစ်လာခဲ့တာမို့ ချန်ဒူးမြို့ အထွေထွေစစ်ဆေးရုံမှာ ခွဲစိတ်ခဲ့ရတာပါ။ ခွဲစိတ်ဆရာဝန် ဒိုင်ရူဝူက ဒီခွဲစိတ်မှုဟာ သွေးထွက်များလွန်းတာမို့ တော်တော့ကို စွန့်စားခဲ့ရတယ်လို့ ပြောပါတယ်။ ဆေးပညာရှင်တွေဟာ ခွဲစိတ်မှုအောင်မြင်ဖို့ အချိန် ၆ နာရီကြာအောင် ပြုလုပ်ခဲ့ကြရတာပါ။ လက်ရှိမှာတော့ ဇန်ဟာ ဆေးရုံ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ရှိနေပြီး နောက်ဆက်တွဲ ရောဂါရှာဖွေစမ်းသပ်မှုတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up