အသားထုပ်ပိုးစက်ရုံ

June 24, 2020

ဂျာမနီရှိ အသားထုပ်ပိုးစက်ရုံတွင် ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိခဲ့ပြီးနောက် လော့ဒေါင်းပြန်ချ

ဂျာမနီနိုင်ငံ၊ ဗဲလ်မြို့အနီး အသားထုပ်ပိုး စက်ရုံတစ်ရုံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ခဲ့ပြီးနောက်   ဇွန် ၂၃ ရက်က အနီးဝန်းကျင် လူနေရပ်ကွက်ကို ပိတ်ထားလိုက်ပြီး နေထိုင်သူတွေကို အသွားအလာ  ကန့်သတ်လိုက်ပါတယ်။ လူနေရပ်ကွက်ကို စည်းရိုးခတ်ခဲ့ပြီး နေထိုင်သူတချို့ကို ဆေးဘက်ဝန်ထမ်းတွေဟာ အဆောက်အအုံ အပြင်ဘက်မှာ ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးပါတယ်။ ဗဲလ်မြို့တည်ရှိရာ ဂလူစတာလို ခရိုင်တစ်ခုလုံးကို ဇွန် ၃၀ ရက်အထိ လော့ဒေါင်း ပြန်ချထားတယ်လို့ ရီးနဖတ်စ်ဖိုင်းယားပြည်နယ် ဝန်ကြီးချုပ်က အစောပိုင်းမှာ ပြောပါတယ်။    လူဦးရေ ၃ သိန်းခွဲခန့် နေထိုင်ရာ ဂလူစတိုလိုခရိုင်ဟာ ဂျာမနီမှာ လော့ဒေါင်းပြန်ချခံရတဲ့ ပထမဆုံးဒေသ ဖြစ်ပါတယ်။ ဇွန် ၂၃ ရက်မှာ ရော်ဘတ်ကို့ချ် အင်စတီကျု့အကြီးအကဲက ဒေသတွင်း ကူးစက်မှုဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း  ကူးစက်မှု တဟုန်ထိုး တက်လာတာရဲ့ နောက်ကွယ်က အဓိကအကြောင်းရင်း  ဖြစ်တယ်လို့ ပြောဆိုပါတယ်။ လက်ရှိ ဂျာမနီမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်းက ခန့်မှန်း  ၂ ဒမသ ၇၆  ရှိပြီး  ဗိုင်းရပ်စ် ကူးစက်ခံရသူ  တစ်ရာကနေ နောက်ထပ် ပျမ်းမျှ ၂၇၆ ယောက်ကို ကူးစက်တယ်လို့  ရိုက်တာ သတင်းအရ သိရပါတယ်။ 
11 months Ago
Up