အသားညှပ်ပေါင်မုန့်

August 1, 2019

မက္ကဆီကိုနိုင်ငံက စံချိန်တင်အရှည်ဆုံး အသားညှပ်ပေါင်မုန့်

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ ဇူလိုင် ၃၁ ရက်နေ့က စံချိန်တင် အရှည်ဆုံး အသားညှပ်ပေါင်မုန့်ကို စားဖိုမှူးတွေက ပြင်ဆင်ချက်ပြခဲ့ကြပြီး လာကြည့်သူတွေလည်း တော်တော်လေး များပါတယ်။ အဲဒီအသားညှပ်ပေါင်မုန့်ဟာ ၂၃၆ ပေ အရှည်ရှိပြီး မက္ကဆီကိုနိုင်ငံမှာ အရှည်ဆုံး "torta" အသားညှပ်ပေါင်မုန့်အဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့ "torta" အသားညှပ် ပေါင်မုန့်ဟာ သာမာန်အသားညှပ် ပေါင်မုန့်ထက် အရွယ်အစား ပိုကြီးပြီး ပါဝင်ပစ္စည်း ပိုစုံပါတယ်။ ဇူလိုင် ၃၁ ရက်က ပြုလုပ်တဲ့ပွဲမှာ စားဖိုမှူးတွေဟာ  အသားတွေ၊ ဆလပ်ရွက်တွေ၊ ကြက်သွန်တွေနဲ့ ခရမ်းချဉ်သီးတွေကို ဆော့စ်တွေနဲ့ ရောပြီး ပေါင်မုန့်တွေကြားထဲ ထည့်ခဲ့ကြပါတယ်။ အဲဒီပွဲတော်ဟာ မက္ကဆီကိုရဲ့ "torta" အသားညှပ်ပေါင်မုန့် ဂုဏ်တန်ဖိုးကို မြင့်တင်ဖို့ ရည်ရွယ်ပြုလုပ်တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မကြာသေးခင်နှစ်တွေက ဈေးကွက်ထဲမှာ အသင့်စား အစားအစာတွေ စားသုံးမှု မြင့်တက်လာပြီး torta" အသားညှပ်ပေါင်မုန့်ကို စားသုံးမှုနှုန်း လျော့ကျခဲ့ပါတယ်။
Zawgyi Version မကၠဆီကိုႏိုင္ငံက စံခ်ိန္တင္အရွည္ဆုံး အသားညႇပ္ေပါင္မုန႔္ DVB မကၠဆီကိုႏိုင္ငံ ၿမိဳ႕ေတာ္ မကၠဆီကိုစီးတီးမွာ ဇူလိုင္ ၃၁ ရက္ေန႔က စံခ်ိန္တင္ အရွည္ဆုံး အသားညႇပ္ေပါင္မုန႔္ကို စားဖိုမႉးေတြက ျပင္ဆင္ခ်က္ျပခဲ့ၾကၿပီး လာၾကည့္သူေတြလည္း ေတာ္ေတာ္ေလး မ်ားပါတယ္။ အဲဒီအသားညႇပ္ေပါင္မုန႔္ဟာ ၂၃၆ ေပ အရွည္ရွိၿပီး မကၠဆီကိုႏိုင္ငံမွာ အရွည္ဆုံး "torta" အသားညႇပ္ေပါင္မုန႔္အျဖစ္ စံခ်ိန္သစ္တင္ခဲ့ပါတယ္။ မကၠဆီကိုႏိုင္ငံရဲ႕ "torta" အသားညႇပ္ ေပါင္မုန႔္ဟာ သာမာန္အသားညႇပ္ ေပါင္မုန႔္ထက္ အ႐ြယ္အစား ပိုႀကီးၿပီး ပါဝင္ပစၥည္း ပိုစုံပါတယ္။ ဇူလိုင္ ၃၁ ရက္က ျပဳလုပ္တဲ့ပြဲမွာ စားဖိုမႉးေတြဟာ အသားေတြ၊ ဆလပ္႐ြက္ေတြ၊ ၾကက္သြန္ေတြနဲ႔ ခရမ္းခ်ဥ္သီးေတြကို ေဆာ့စ္ေတြနဲ႔ ေရာၿပီး ေပါင္မုန႔္ေတြၾကားထဲ ထည့္ခဲ့ၾကပါတယ္။ အဲဒီပြဲေတာ္ဟာ မကၠဆီကိုရဲ႕ "torta" အသားညႇပ္ေပါင္မုန႔္ ဂုဏ္တန္ဖိုးကို ျမင့္တင္ဖို႔ ရည္႐ြယ္ျပဳလုပ္တာလို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ မၾကာေသးခင္ႏွစ္ေတြက ေဈးကြက္ထဲမွာ အသင့္စား အစားအစာေတြ စားသုံးမႈ ျမင့္တက္လာၿပီး torta" အသားညႇပ္ေပါင္မုန႔္ကို စားသုံးမႈႏႈန္း ေလ်ာ့က်ခဲ့ပါတယ္။  
2 years Ago
Up