အသားစားဝေလငါး

February 2, 2018

အသားစားဝေလငါး လူစကား ဘယ်လိုပြောသလဲ (ရုပ်သံ)

အဖြူနဲ့ အနက်ကျား အသားစားဝေလငါး ဝယ်လ်ကီကို လူစကား အတုလုပ် ပြောနိုင်အောင် သိပ္ပံပညာရှင် အဖွဲ့တဖွဲ့က သင်ပေးခဲ့ကြပါတယ်။ သုတေသန ပညာရှင်တွေဟာ အော်ကာမျိးစိတ် ဝေလငါးရဲ့ စွမ်းရည်ကို ပြင်သစ်နိုင်ငံ အန်းတိဘ်မြို့က မရိင်းလန်း ငါးပြတိုက်မှာ လေ့လာခဲ့တာပါ။ သုတေသန ခေါင်းဆောင် ဟိုဆေးဇာမိုရာနိုအဘ်ဘရမ်ဆမ်က ဝယ်လ်ကီရဲ့ ဟဲလို၊ ဘိုင်ဘိုင် စတဲ့ နှုတ်ခွန်းဆက် စကားသံတွေနဲ့ ပါးစပ်ထဲကနေ မှုတ်ထုတ်သံတွေကို အသံဖမ်းယူခဲ့ပါတယ်။ သုတေသန တွေ့ရှိချက်တွေကို တော်ဝင်အဖွဲ့အစည်း ဘီရဲ့ ဆောင်ရွက်ချက်တွေထဲမှာ ပုံနှိပ်ဖော်ပြထားပါတယ်။ အသံအတုခိုးမှုဟာ မတူခြားနားတဲ့ အသားစားဝေလငါး မျိုးစိတ်တွေကြားမှာ ဘာသာစကား တိုးတက်မှုဆီကို ဘယ်လို ဦးတည်စေနိုင်တယ် ဆိုတဲ့အပေါ် အလင်းရောင်သစ် ထွက်လာတာလည်း ဖြစ်ပါတယ်။ လူစကားကို အသံတုလုပ်နိုင်တဲ့ သတ္တဝါမျိုးစိတ် နည်းနည်းပဲ ရှိတာပါ။ အဲဒီထဲမှာ နို့တိုက်သတ္တဝါတွေက လူသံ အတုလုပ်နိုင်တာကတော့ ပိုရှားတယ်လို့ လေ့လာမှုက ဆိုပါတယ်။
3 years Ago
Up