အသားစားမိကျောင်းကြီးများ

February 1, 2017

စွန့်စားဓာတ်ပုံဆရာတဦး ရိုက်ကူးခဲ့သည့် ရေအောက်ကမ္ဘာမှ အသားစားမိကျောင်းကြီးများ (ဓာတ်ပုံ)

ခုလို ရက်စက်ကြမ်းကြုတ်တဲ့ အသားစားမိကျောင်းကြီးတွေရဲ့ ဓာတ်ပုံတွေကို ရေအောက်ကမ္ဘာမှာ ရိုက်ယူနိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။ ဒါပေမယ့် ဗြိတိန်နိုင်ငံသား စွန့်စားဓာတ်ပုံဆရာတဦးဖြစ်တဲ့ ခရစ္စနိုက်တ်ကတော့ ဒါကို အမိအရ ပုံဖော်ရိုက်ကူးနိုင်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ မိကျောင်းကြီးတွေဟာ ပါးစပ်ကြီးတွေကို ဟထားပြီး လှုပ်ရှားနေပုံတွေအပြင် တခြားထိတ်လန့်စရာကောင်းတဲ့ မိကျောင်းကြီးတွေရဲ့ ဓာတ်ပုံတွေဟာ အံ့သြစရာပါပဲ။ ဒီပုံတွေကို မက္ကဆီကိုနိုင်ငံ၊ အိစ်ခဲလက်ခ်ကမ်းရိုးတန်းတနေရာမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး မိကျောင်းကြီးတွေရဲ့ ထက်မြက်တဲ့ သွားတွေဟာ ဓာတ်ပုံဆရာရဲ့ လက်မောင်းကို အလွယ်တကူ ကိုက်လိုက်တော့မတတ် အသည်းယားစရာကောင်းလောက်အောင် အသက်ဝင်နေတာကို တွေ့ရမှာပါ။ ဓာတ်ပုံ - mediadrumworld.com  
5 years Ago
Up