အသား

March 15, 2017

ဈေးကွက်တွင်ရောင်းမည့်အသားများ၏ အရည်အသွေးစစ်ဆေးမှု အမေရိကန်ပညာရှင်များ ကူညီမည်

  ဈေးကွက်ထဲမှာ ရောင်းချမယ့် တိရစ္ဆာန်အသားတွေရဲ့ အရည်အသွေးကို စစ်ဆေးရာမှာ ပိုမိုတိကျတဲ့ အဖြေတွေ ရရှိစေဖို့ အမေရိကန် ပညာရှင်တွေက နည်းပညာသင်တန်းတွေ ပို့ချပေးသွားမယ်လို့ မြန်မာ့လယ်ယာနဲ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးနေတဲ့ Winrock International က ပြောပါတယ်။ သားသတ်ရုံတွေက အသားတွေကို စစ်ဆေးမှု ပြုလုပ်ရတဲ့ ဆရာဝန်တွေ အပါအဝင် အစားအသောက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကိုပါ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ Winrock International က ဆက်ဆံရေးတာဝန်ခံ ဒေါက်တာသက်ခိုင်က ပြောပါတယ်။ အဲ့ဒီသင်တန်းကို အခု မတ်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး တိရစ္ဆာန်ဆေးကုဆရာဝန်တွေ၊ အသားထုတ်လုပ်သူတွေနဲ့ အစားအသောက် ဘေးကင်းလုံခြုံရေး ဆောင်ရွက်နေသူတွေ တက်ရောက်သင့်တယ်လို့ ဆိုပါတယ်။ သတင်း - AMIA
5 years Ago
Up