အသတ်ခံရတော့မည်ဟု ပြန်ပေးဆွဲခံရသူများပြောသည့်ရုပ်သံ ထွက်ပေါ်

May 5, 2016

အသတ်ခံရတော့မည်ဟု ပြန်ပေးဆွဲခံရသူများပြောသည့်ရုပ်သံ ထွက်ပေါ်

ဖိလစ်ပိုင်တောင်ပိုင်းက မွတ်စလင်စစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲခံထားရတဲ့ ဓားစာခံ ၃ ဦးရဲ့ ဗွီဒီယိုရုပ်သံတခု မတ် ၃ ရက်နေ့က အင်တာနက်ပေါ်တက်လာခဲ့ပြီး သက်ဆိုင်ရာအစိုးရတွေအနေနဲ့ သူတို့ရဲ့တောင်းဆိုမှုတွေကို ဖြည့်ဆည်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကနေဒါ၊ နော်ဝေး နဲ့ ဖိလစ်ပိုင်နိုင်ငံသားတို့ဖြစ်ကြပြီး ပြီးခဲ့တဲ့တပတ်က ကနေဒါနိုင်ငံသား တဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တဲ့ အဘူဆာရက်ဖ် မွတ်စလင်စစ်သွေးကြွအဖွဲ့က ဖမ်းဆီးထားတာပါ။ သူတို့ကို မရွေးရင် သူတို့ရဲ့သူငယ်ချင်းလိုပဲ သူတို့ကို သတ်ဖြတ်တော့မှာလို့ ပြန်ပေးဆွဲခံထားရသူတွေက ပြောဆိုခဲ့ကြပါတယ်။ အဘူဆာရက်ဖ် စစ်သွေးကြွတပ်ဖွဲ့ဟာ အခုလို နိုင်ငံခြားသားတွေကို ဓားစာခံဖမ်းဆီးပြီး ပြန်ပေးငွေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ တောင်းဆိုကြပြီး ဖိလစ်ပိုင်အစိုးရနဲ့ ကနေဒါအစိုးရတို့ကတော့ ပြန်ပေးငွေ မပေးဘူးလို့ ပြောဆိုကြပါတယ်။ ဖိလစ်ပိုင်စစ်တပ်ကတော့ လတ်တလော ဒီမွတ်စလင်စစ်သွေးကြွတပ်ဖွဲ့ကို စစ်ဆင်ရေးဆင်နွှဲနေပါတယ်။ ကနေဒါအစိုးရနဲ့ ဖိလစ်ပိုင်အစိုးရတို့ အချိန်ဆွဲနေမယ်ဆိုရင် ဒီဓားစာခံ ၃ ဦးလုံးကို သတ်ဖြတ်မယ်လို့ မျက်နှာဖုံးဝတ် အဘူဆာရက်ဖ်တပ်ဖွဲ့ဝင်တဦးက သတိပေးပြောဆိုထားပါတယ်။
6 years Ago
Up