အသတ်ခံရသည့် အမေရိကန်သူကို အိုင်အက်စ်ခေါင်းဆောင် အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ဟုဆို

August 15, 2015

အသတ်ခံရသည့် အမေရိကန်သူကို အိုင်အက်စ်ခေါင်းဆောင် အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ဟုဆို

အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ဒီနှစ်ဆန်းမှာ  ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ လူမှုကူညီရေး ၀န်ထမ်း အမေရိကန် အမျိုးသမီးဟာ ဆီရီးယားမှာ ချုပ်နှောင်ခံထားရတဲ့ ကာလအတွင်း အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူ ဘာခါ အယ် ဘာဒါဒီရဲ့ အကြိမ်ကြိမ် မုဒိမ်းကျင့်တာကို ခံခဲ့ရတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် ကေလာ မြူလာကို အယ် ဘာဒါဒီက လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့အကြောင်း အမေရိကန် အရာရှိတွေက မြူလာရဲ့ မိသားစုကို ပြောခဲ့တဲ့အကြောင်း  အေဘီစီ သတင်းမှာ အရင်ဆုံး ဖော်ပြခဲ့ပါတယ်။ ဒီလို အသိပေးခဲ့တာ မှန်ကန်တဲ့အကြောင်း အမည်မဖော်လို့တဲ့ အရာရှိတွေက ရိုက်တာ သတင်းဌာနကို အတည်ပြုပြောဆိုပေမယ့် အိမ်ဖြူတော်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ မြူလာရဲ့ မိဘတွေက သူတို့ သမီးကို အယ် ဘာဒါဒီက ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့အကြောင်း အရာရှိတွေက ဇွန်လတုန်းက ပြောပြခဲ့တယ်လို့ အေဘီစီ သတင်းမှာ ပြောထားပါတယ်။ အရီဇွန်နာ ပြည်နယ် ပရီစကော့မြို့သူ မြူလာကို ဆီရီးယားနယ်မြေထဲက အိုင်အက်အဖွဲ့ရဲ့ ဌာနချုပ် ဖြစ်တဲ့ ရတ်ကာမြို့ အပြင်ဘက်က အချုပ်မှာ ဖမ်းဆီးထားတုန်း ဂျော်ဒန် ဗုံးကျဲလေယာဉ်က ကျဲချတဲ့ ဗုံးထိမှန်သေဆုံးခဲ့တယ်လို့ အိုင်အက်စ်အဖွဲ့က ဖေဖော်ဝါရီလမှာ ပြောပါတယ်။ [caption id="attachment_107758" align="aligncenter" width="600"]အဘူ ဘာခါ အယ် ဘာဒါဒီ အဘူ ဘာခါ အယ် ဘာဒါဒီ[/caption] မြူလာကို အိုင်အက်စ်အဖွဲ့က ၂၀၁၃ ခုနှစ်မှာ ဆီရီးယား မြောက်ပိုင်းက အလပ်ပို ဆေးရုံမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် ဘာဒါဒီက မြူလာကို ဆီရီးယားမှာ ရှိတဲ့ အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် အဘူဆေးရစ်ရဲ့ အိမ်မှာ ဖမ်းချုပ်ထားဖို့ ကိုယ်တိုင်  ညွှန်ကြားခဲ့ပါတယ်။ ဘာဒါဒီက မြူလာကို အချုပ်မှာ မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ အချက်ကို အချုပ်တခုတည်းမှာ အတူနေခဲ့ရတဲ့ ယာဇာဒီ လူမျိုး လိင်ကျွန်အဖြစ် အသုံးချခံခဲ့ရတဲ့ မိန်းကလေး ငယ်တွေကလည်း အင်တာဗျူးတွေမှာ ပြောခဲ့ပါတယ်။ မြူလာဟာ တူကရီအဖွဲ့တခုနဲ့အတူ ဆီးရီးယား ဒုက္ခသည်တွေကို အကူအညီပေးဖို့ အတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာက တူရကီကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။
6 years Ago
Up