အသည်းတခု၊ ခြေထောက်သုံးချောင်းနှင့် ဆီးအိမ်တခုသာပါသည့် အမြွှာကလေး ၂ ဦး ကို ခွဲစိတ် (ရုပ်သံ)

December 9, 2016

အသည်းတခု၊ ခြေထောက်သုံးချောင်းနှင့် ဆီးအိမ်တခုသာပါသည့် အမြွှာကလေး ၂ ဦး ကို ခွဲစိတ် (ရုပ်သံ)

အဲရစ်ကာ ဆန်ဒိုဗဲလ်နဲ့ အီဗာ ဆန်ဒိုဗဲလ်တို့ဟာ အသက် ၂ နှစ်အရွယ်ရှိနေကြပြီ ဖြစ်တဲ့ အမြွှာညီအစ်မ ၂ ဦးဖြစ်ပြီး မွေးရာပါ ကိုယ်ခန္ဓာချင်း ဆက်လျက်သားအခြေအနေနဲ့ မွေးဖွားလာ ခဲ့ကြတာပါ။ မွေးကတည်းက အသည်းတခု၊ ခြေထောက် ၃ ချောင်းနဲ့ ဆီးအိမ်တခုတည်းသာ ပါ ရှိတာဖြစ်ပြီး ဒီကနေ့မှာတော့ သူတို့ကို အောင်မြင်စွာနဲ့ ခွဲစိတ်နိုင်ခဲ့ပြီလို့ မေရာသတင်းတပုဒ်မှာဖော်ပြပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပဲလိုအယ်လ်တိုမှ လူဆိုင်းလ် ပက်ကာ့ဒ်ကလေးဆေးရုံမှာ ဒီဇင်ဘာလ ၈ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ ဒီခွဲစိတ်မှုဟာ အချိန် ၁၇ နာရီကြာမြင့်ခဲ့တာပါ။ ခန္ဓာကိုယ်ချင်းဆက်မွေးဖွားလာမှုတွေကို ခွဲစိတ်ကုသမှုမျိုးဟာ အမေရိကန်နိုင်ငံမှာ တနှစ်ကို ၅ ကြိမ်လောက်ဖြစ်နေတာလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ကလေးငယ်တွေဟာ ကျန်းကျန်းမာမာပဲ ရှိနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ conjoined-twins-who-faced-each-other-separated-in-california-surgeryဒါပေမယ့် ခုဖြစ်စဉ်ကတော့ အမြွှာကလေးငယ် ၂ ဦးရဲ့ ခန္ဓာကိုယ်အောက်ပိုင်း အင်္ဂါအစိတ်အပိုင်းတွေရဲ့ အများစုကို မျှဝေထားရတာမို့ ဒါဟာ အခက်ခဲဆုံးခွဲစိတ်မှုလို့ တောင် ဆိုနိုင်ပါတယ်။ ခွဲစိတ်ကုသမှုဆိုင်ရာ ဆေးပညာရှင်တွေပါဝင်တဲ့အဖွဲ့ဟာ တခုတည်းသော ဆီးအိမ်ကိုပါ ခွဲစိတ်ခဲ့ရပြီး အသည်းကိုလည်း တ၀က်စီခွဲစိတ်ကုသခဲ့ကြရကာ တတိယခြေထောက်ကိုတော့ သူတို့ရဲ့ ၀မ်းဗိုက်အတွင်းပိုင်း ကြွက်သားတွေဆီကရယူကာ ပြန်လည်တည်ဆောက်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ handout-photo-of-erika-and-eva-sandoval-before-their-separation-surgery-in-palo-alto-californiaသူတို့ ညီအစ်မ ၂ ဦးဟာ ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ အချိန် ၂ ပါတ် လောက်ထိ ဆက်လက်နေထိုင်ကြရဦးမှာဖြစ်ပြီး လိုအပ်တဲ့ ကုသမှုတွေ ဆက်လက်လုပ် ဆောင်နေတာပါ။
5 years Ago
Up