အသစ်ကျင်းပ

November 6, 2019

ရွေးကောက်ပွဲ အသစ်ကျင်းပရန် ဘိုလီးဗီးယားနိုင်ငံ မြို့တော်တွင် ဆန္ဒပြတောင်းဆို 

ဘိုလီးဗီးယားနိုင်ငံ မြို့တော် လာပဲ့ဇ်မှာ ဆန္ဒပြသူတွေ နိုဝင်ဘာ ၅ ရက်က စုဝေးခဲ့ကြပြီး ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတ အီဗိုမိုရာလက်စ် စတုတ္ထ သက်တမ်းအတွက် တာဝန်ထမ်းဆောင်ဖို့ မီးစိမ်းပြလိုက်တဲ့ လတ်တလော ရွေးကောက်ပွဲ ရလဒ်မှာ မဲလိမ်တယ်ဆိုတဲ့ စွဲချက်တွေ ထွက်ပေါ်နေလို့ အခြေအနေ တင်းမာနေပါတယ်။ လမ်းပေါ်ကနေ ဆန္ဒပြသူတွေကို ရှင်းပေးဖို့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို တာဝန်ပေးအပြီး လူအုပ်ကို မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ဓာတ်ငွေ့ဘူးတွေကို ပြန်ကောက်ယူပြီး ရဲတွေကို ပြန်ပစ်ခတ်ခဲ့ပါတယ်။ အရင်လ ရွေးကောက်ပွဲမှာ မိုရာလက်စ်ဟာ အနီးဆုံးပြိုင်ဘက် ကာလိုမေဆာကို ဆယ်မှတ် အသာတည်းနဲ့ အနိုင်ရခဲ့တာပါ။ ဒါကြောင့် ဒုတိယအချီ မဲပေးဖို့ မလိုတော့ပေမယ့် မဲရေတွက်ချိန် ၂၄ နာရီနီးပါး ရပ်တန့်ထားခဲ့လို့ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပါတယ်။ မဲပြန်ရေတွက်ချိန်မှာတော့ မိုရာလက်စ်က သိသိသာသာ မဲအသာစီးရခဲ့ပါတယ်။ မဲရေတွက်မှုကို စစ်ဆေးနေတဲ့ အမေရိကနိုင်ငံများအသင်းရဲ့ စစ်ဆေးမှုက ဒီလလယ်မှာ ပြီးစီးမယ်လို့ မျှော်လင့်ထားပါတယ်။ မိုရာလက်စ်ကို ဝေဖန်သူတွေကို မဲစစ်ဆေးမှုနဲ့ ချွေးသိပ်လို့မရဘဲ သမ္မတ ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
2 years Ago
Up