အသင်းသား

November 8, 2020

အသင်းသားတိုင်း ခေါင်းဆောင်ဖြစ်ရန်လိုဟု ဖာနန်ဒက်စ် သုံးသပ်

အသင်းသားတိုင်းက ခေါင်းဆောင် ဖြစ်ဖို့လိုတယ်လို့ မန်ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။  အဲဗာတန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်က ၂ ဂိုးသွင်းယူခဲ့ပြီး လူစား ဝင်တိုက်စစ်မှူး ကာဗာနီက တစ်ဂိုးသွင်းခဲ့ပါတယ်။  အဲဗာတန်နဲ့ပွဲအပြီး အင်တာဗျူးမှာတော့ အသင်းသားအားလုံးက ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်ပြီး တချို့က ခြေစွမ်းနဲ့သက်သေပြကြသလို တချို့က တခြားအရာတွေနဲ့ ပြသဖို့လိုတယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။  ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းပြသနေတာပါ။  အသင်းအတွက် ၃၁ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပြီး စွမ်းဆောင်ရည် အကောင်းဆုံးကစား သမားအဖြစ် ရပ်တည်နေပါတယ်။ 
7 months Ago

July 2, 2020

ကြိုးစားမှုမလျှောချရန် အသင်းသားများကို ရီးရဲလ်နည်းပြ သတိပေး

ဘာစီလိုနာအမှတ်လျော့သွားပေမယ့် ချန်ပီယံဆုဖလားအတွက် တက်ထောင်လို့မ ရသေးကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။ ဘာစီလိုနာအသင်းဟာ ဇူလိုင် ၁ ရက်နေ့ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ရီးရဲလ်အသင်းအတွက် ချန်ပီယံဖြစ်ဖို့အခွင့်အရေးကောင်းလာခဲ့တာပါ။   ရီးရဲလ်အသင်းဟာ ဇူလိုင် ၃ ရက် မနက် ဂီတာဖေးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိမယ်ဆိုရင် ဘာစီလိုနာကို ၄ မှတ်အသာ နဲ့ ဦးဆောင်နိုင်မှာပါ။  ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းကတော့ ဘာစီလိုနာ အမှတ်လျော့ခဲ့ပေမယ့်လည်း ပုံမှန် အတိုင်းဆက်လက် ကြိုးစားဖို့လိုပြီး ချန်ပီယံဆုဖလားရပြီလို့ မပြောနိုင်သေးကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  လက်ကျန် ၆ ပွဲကစားဖို့ကျန်သေးပြီး ပြိုင်ဘက်အသင်းတွေကို လေးစားမှုအပြည့်နဲ့ ကစားရမှာဖြစ်သလို ကြိုးစားမှုကိုလည်း လျော့လိုက်လို့မရသေးကြောင်း၊ ကစားသမား တွေဟာလည်း တက်ထောင်လို့မရသေးဘူးဆိုတာ အားလုံးသိရှိထားကြောင်း နည်းပြဇီဒန်းက ပြော ပါတယ်။ 
12 months Ago
Up