အသင်းမှ ထွက်ခွာရန်

December 15, 2019

ချဲလ်ဆီး ကွင်းလယ်လူ ကန်တေ ရာသီကုန် အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေ

ချဲလ်ဆီး ကွင်းလယ်လူ ကန်တေဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။  ပြင်သစ် ကွင်းလယ်လူ ကန်တေဟာ ချဲလ်ဆီးကနေ ထွက်ခွာပြီး အတွေ့အကြုံသစ် ရှာဖွေဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကန်တေကတော့ ဘာစီလိုနာအသင်းထက် ပြင်သစ်နည်းပြ ဇီဒန်း ကိုင်တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်အသင်းတွေကလည်း ကန်တေကို စိတ်ဝင်စားမှု ရှိနေပြီး ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာတော့ ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။  ကွင်းလယ်လူ ကန်တေဟာ ၂၀၁၆ ခုနှစ်က လက်စတာကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။
2 years Ago
Up