အသင်းပြောင်းရွှေ့

August 1, 2020

သီယာဂို အသင်းပြောင်းရွှေ့လိုနေဟု ဘိုင်ယန်မြူးနစ် အတည်ပြု

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာဟာ အသင်းပြောင်းရွှေ့လိုနေတယ်လို့ အသင်းအမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီက အတည်ပြုလိုက်ပါတယ်။  အသက် ၂၉ နှစ်ရှိ အယ်ကန်တာရာဟာ တနှစ်သက်တမ်းစာချုပ်သာ ကျန်ရှိတော့ပြီး လီဗာပူးအသင်းက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။  အန်ကယ်တာရာကို သက်တမ်းတိုးဖို့ ပြောဆိုတာရှိခဲ့ပေမဲ့ ကစားသမားဘက်က စိန်ခေါ်မှုအသစ်တခုကို ရှာဖွေလိုနေပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့ ဘိုင်ယန်အသင်း အမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီက ပြောပါတယ်။   ဘိုင်ယန်မြူးနစ်အသင်းဟာ အယ်ကန်တာရာအတွက် ပေါင် ၂၇ သန်းခန့် ပေးချေမယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရပါတယ်။
1 year Ago

June 18, 2020

အသင်းပြောင်းရွှေ့လိုသဖြင့် ရာသီကုန်အထိ ချဲလ်ဆီးတွင်ကစားရန် ပတ်ဒရို ငြင်းဆန်

ချဲလ်ဆီးတောင်ပံတိုက်စစ်မှူး ပတ်ဒရိုဟာ အသင်းနဲ့ ရာသီကုန်အထိ ဆက်ကစားဖို့ ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ စပိန်ကစားသမား ပတ်ဒရိုဟာ ဇွန်လအကုန် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ရာသီကုန် အထိ ကာလတိုစာချုပ်ချုပ်ဆိုဖို့ ချဲလ်ဆီးအသင်းက ကမ်းလှမ်းထားတာပါ။   အဲဒီကမ်းလှမ်းချက်ကို ပတ်ဒရိုက လက်မခံခဲ့ဘဲ စီးရီးအေကလပ်ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။  Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ရိုးမားအသင်းဟာ ပတ်ဒရိုကို တစ်ပတ်လုပ်ခပေါင် ၅ သောင်း ၆ ထောင်နဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။  ချဲလ်ဆီးအသင်းဟာ ဇွန်လမကုန်ခင်မှာ ဗီလာ၊ မန်စီးတီး၊ လက်စတာအသင်းတွေနဲ့ ကစားရ မှာဖြစ်ပြီး ပတ်ဒရိုရဲ့ အခြေအနေကိုလည်း စောင့်ကြည့်ရဖို့ရှိနေပါတယ်။  ချဲလ်ဆီးအသင်းဟာ တခြားတောင်ပံကစားသမားဖြစ်သူ ဝီလီယံကိုတော့ ရာသီကုန်အထိ ကာလတိုစာချုပ်နဲ့ သက်တမ်းတိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
1 year Ago
Up