အသင်းပြောင်း

October 8, 2021

အေးဂျင့်အသစ်ငှားရမ်းခြင်းသည် အသင်းပြောင်းရန် မဟုတ်ဟု တီမိုဝါနာ ဖြေရှင်း

အေးဂျင့်အသစ်ငှားလိုက်တာက အသင်းပြောင်းရွှေ့ဖို့အတွက် မဟုတ်ကြောင်း ချဲလ်ဆီး တိုက်စစ်မှူး တီမိုဝါနာက ဖြေရှင်းလိုက်ပါတယ်။ 

ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ပရိးမီးယားလိဂ် ၃ ပွဲပဲ ပွဲထွက်ကစားသမားစာရင်းမှာပါဝင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ သြဂုတ်လက အပြောင်းအရွှေ့ကိစ္စတွေ လုပ်ဆောင်ဖို့ အေဂျင့်ဖော်စတာနဲ့ လမ်းခွဲခဲ့ ပြီး ဗော်ကာစထရုကို အေးဂျင့်အသစ်အဖြစ် ငှားရမ်းခဲ့တာပါ။ 

ဗာနာကတော့ ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရတာကို ဝန်ခံခဲ့ပေမဲ့ အေးဂျင့်အသစ်ငှားလိုက်တာက အသင်းပြောင်းရွှေ့ဖို့ မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့တာပါ။

ကစားသမားဘဝမှာ အတက်အကျဆိုတာ ရှိတက်ပြီး သင်ခန်းစာတွေယူရင်း အစဉ်အမြဲ ကြိုးစားဖို့ လိုကြောင်း၊ ပွဲကစားချိန်ပိုပြီး လိုချင်တာကြောင့် လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ပုံစံပြသဖို့ ကြိုးစားကြောင်း တီမိုဝါနာက ပြောပါတယ်။ 

ဝါနာကို ဘွန်ဒက်စ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်က ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

1 week Ago

January 8, 2021

အသင်းပြောင်းရန် လွတ်လပ်စွာဆွေးနွေးနိုင်ဟု အိုဇေးလ်ကို နည်းပြအာတီတာ ပြော

အိုဇေးလ်အနေနဲ့ တခြားအသင်းဆီ ပြောင်းရွှေ့ဖို့ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောလိုက်ပါတယ်။  အိုဇေးလ်ဟာ တူရကီကလပ် ဖီနာဘာချီဆီ ပြောင်းရွှေ့ဖို့ သဘောတူထားတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။  အိုဇေးလ်အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ မသိသေးပေမဲ့ တခြားကလပ်နဲ့ ဆွေးနွေးဖို့ လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်ပြီး သူ့အတွက်ရော အသင်းအတွက်ပါ အကောင်းဆုံး အဖြေကို ရှာဖွေသွားရမှာဖြစ်တယ်လို့ နည်းပြ အာတီတာက အတည်ပြုခဲ့တာပါ။ အိုဇေးလ်ဟာ ပြီးခဲတဲ့နှစ် မတ်လကစပြီး အာဆင်နယ်အတွက် ကစားခွင့်မရတော့ဘဲ အခုနှစ် အတွက် အသင်းလူစာရင်းမှတ်ပုံတင်ရာမှာလည်း ချန်လှပ်ခံခဲ့ရသူဖြစ်ပါတယ်။ 
9 months Ago
More News
Up