အသင်းခေါင်းဆောင်

September 17, 2021

မန်စီးတီးအသင်းခေါင်းဆောင်တာဝန်အတွက် မဲပေးမှုတွင် ဒီဘရိုင်း စတုတ္ထနေရာကျဆင်း

မန်စီးတီအသင်းခေါင်းဆောင်တာဝန်အတွက် ကစားသမားတွေက မဲပေးရွေးချယ်ရာမှာ ကွင်းလယ်လူ ဒီဘရိုင်းက စတုတ္ထနေရာ ရောက်သွားခဲ့ပါတယ်။ 

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ၂၀၁၉ ခုနှစ်က ဗင်းဆင့်ကွန်ပနီ ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်ရာထူးကို ကစားသမားတွေရဲ့ မဲပေးမူနဲ့ နှစ်စဉ်ပြန်လည်ရွေးချယ်ခဲ့တာလို့ Telegraph သတင်းမှာ ဖော်ပြပါတယ်။ 

ပထမအသင်းခေါင်းဆောင်အနေနဲ့ ကွင်းလယ်လူ ဖာနန်ဒင်ညိုက ဆက်ရှိခဲ့ပြီး ဒုတိယအသင်းခေါင်းဆောင်အနေနဲ့ ဂွမ်ဒိုဂန်၊ တတိယအသင်းခေါင်းဆောင်အနေနဲ့ ရူဘင်ဒိုင်ယက်ဇ်တို့ ရွေးချယ်ခံခဲ့ရတာပါ။ 

ဒီဘရိုင်းဟာ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံဗိုလ်လုပွဲမှာ အသင်းခေါင်းဆောင်အဖြစ် နောက်ဆုံးအကြိမ် တာဝန်ယူခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီဘရိုင်းက ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ရူဘင်ဒိုင်ယက်ဇ်က အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပြီး ကစားသွားခဲ့ပါတယ်။ 

1 week Ago

September 16, 2020

အက်စတွန်ဗီလာ၏ ရည်မှန်းချက်ကို ဖြည့်ဆည်းသွားချင်ဟု အသင်းခေါင်းဆောင်ဂရီးလစ်ချ် ပြော

အသင်းပိုင်ရှင်ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပြီး အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်သွားချင်တယ်လို့ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ချ်က ပြောပါတယ်။  အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ချ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်း ထွက်ခဲ့ပေမယ့် အင်္ဂါနေ့က အသင်းနဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ တစ်ပတ်လုပ်ခ ပေါင် ၅၅,၀၀၀ ကနေ ပေါင် ၁၃၅,၀၀၀ အထိ နှစ်ဆကျော် တိုးမြင့်ရရှိမှာလည်း ဖြစ်ပါတယ်။ အသင်းပိုင်ရှင်မှာ ဗီလာအသင်းကို ဘယ်လို တည်ဆောက်သွားမလဲဆိုတဲ့ ရည်မှန်းချက်ရှိပြီး စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေလည်း ရှိလာတော့မှာဖြစ်လို့ ပျော်ရွှင်ကျေနပ်မိတယ်လို့ စာချုပ် ချုပ်ဆိုအပြီးမှာ ဂရီးလစ်ချ်က ပြောပါတယ်။  ဗီလာအသင်းဟာ ချန်ပီယံရှစ်မှာ ခြေစွမ်းပြခဲ့တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုလီ ဝက်ကင်စ်ကိုလည်း စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၃၃ သန်းနဲ့ ခေါ်ယူပေးထားပါတယ်။
1 year Ago
More News
Up