အသင်းကြီး မန်စီးတီး

October 27, 2019

အသင်းကြီး မန်စီးတီးနှင့် ချဲလ်ဆီးတို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေထဲက မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီး အနိုင်ရသွားပါတယ်။   မန်ချက်စတာစီးတီးက အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ စတာလင်း၊ ဒီဘရိုင်းနဲ့ ဂန်ဒိုဂန်ုတို့က သွင်းယူပါတယ်။  ဒီပွဲမှာ မန်စီးတီးကပဲ ခြေစွမ်းအသာနဲ့ ယှဉ်ပြိုင်ကစားသွားပြီး တိုက်စစ်မှူး စတာလင်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။  ဒီပွဲနိုင်တဲ့ မန်စီးတီးက ၂၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို တက်လှမ်းသွားပါတယ်။  ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ဘန်လေကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ပီလစ်ဆစ်က ဟက်ထရစ်ဂိုးနဲ့ ဝီလျံက ၁ ဂိုး သွင်းယူပါတယ်။  ချဲလ်ဆီးအတွက်တော့ ပြိုင်ပွဲအားလုံးမှာ ၇ ပွဲမြောက် ဆက်တိုက်အနိုင်ရတာပါ။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက အမှတ် ၂၀ နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။
2 years Ago
Up