အသင်းကြီး

A d v e r t i s e m e n t With Us

December 22, 2019

မန်စီးတီးက လက်စတာကို (၃-၁) ဂိုးဖြင့်နိုင်ပြီး  အဲဗာတန်နှင့် အာဆင်နယ် သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ အသင်းကြီးတွေထဲက အာဆင်နယ်နဲ့ အဲဗာတန် သရေကျပြီး မန်စီးတီးက လက်စတာကို အနိုင်ရသွားပါတယ်။ အစောဆုံး ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အာဆင်နယ်က အဝေးကွင်းမှာ အဲဗာတန်နဲ့ ဂိုးမရှိ သရေကျသွားပါတယ်။ ဒီပွဲစဉ်ကို အဲဗာတန် နည်းပြအန်စလော့တီနဲ့ အာဆင်နယ် နည်းပြသစ် အာတီတာတို့ ပွဲကြည့်စင်ကနေ လာရောက် ကြည့်ရှုခဲ့ပါတယ်။ မန်ချက်စတာစီးတီးကတော့ လက်စတာကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ လက်စတာ တိုက်စစ်မှူး ဗာဒီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် နောက်ပိုင်းမှာ မာရက်ဇ်၊ ဂန်ဒိုဂန်နဲ့ ဂျေဆုတို့က မန်စီးတီးအတွက် အနိုင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဒီဘရိုင်း ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ပွဲစဉ်အပြီးမှာတော့ မန်စီးတီးက ၃၈ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာရှိပြီး လက်စတာက တမှတ်အကွာ ၃၉ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်ရှိလာပါတယ်။
1 year Ago
Up