ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ နည်းပြသစ် ရှာဖို့အတွက် အချိန်ယူရလိမ့်မယ်လို့ အသင်းရဲ့ အားကစား ဒါရိုက်တာက ပြောပါတယ်။
အသင်းတာဝန်ရှိသူတွေက ပီအက်စ်ဂျီကို ၃ ဂိုးပြတ်နဲ့ ရှုံးတဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ နည်းပြ အန်စလော့တီကို ထုတ်ပယ်ထားပါတယ်။
လောလောဆယ်မှာ အသင်းအနေနဲ့ ဖိအားတွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် အသင်းမှာ အဓိကကစားသမားတချို့ အနားယူသွားပြီးတဲ့နောက်ပိုင်းမှာ နည်းပြက အစားထိုး ဖြည့်ဆည်းတာတွေ မလုပ်နိုင်ခဲ့ဘူးလို့လည်း အားကစားဒါရိုက်တာက ဆိုပါတယ်။
နည်းပြ အန်စလော့တီဟာ အသင်းကို ပြီးခဲ့တဲ့ ရာသီက ရောက်ရှိလာခဲ့ပြီး ဘွန်ဒတ်စ်လီဂါ အမှတ်ပေးလိဂ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဘိုင်ယန်ဟာ ဘွန်ဒတ်စ်လီဂါမှာတော့ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရှိနေပါတယ်။
4 years Ago