လီဗာပူး ကွင်းလယ်သမား ကော်တင်ဟိုက အသင်းပြောင်းရွေ့ခွင့် ပြုဖို့အတွက် တောင်းဆိုလိုက်ပါတယ်။
လီဗာပူးအသင်းက သူ့ကို ရောင်းချမှာ မဟုတ်ဘူးလို့ ကြေညာအပြီးမှာ အခုလို အသင်းပြောင်းဖို့ စာရေးသား တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးအသင်းကတော့ ပယ်ချလိုက်ပါတယ်။
ဘာစီလိုနာအသင်းက အသက် ၂၅ နှစ်အရွယ် ကော်တင်ဟိုကို ခေါ်ယူဖို့ ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချတာ ခံခဲ့ရပါတယ်။
အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ကော်တင်ဟိုအပေါ် ကမ်းလှမ်းချက်တွေကို စဉ်းစားမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
ဘရာဇီး ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက အသင်းနဲ့ ၅ နှစ်စာချုပ် သက်တမ်း တိုးထားပါတယ်။ သူဟာ မနှစ် ရာသီက လီဗာပူးအတွက် ၁၄ ဂိုး သွင်းယူထားပါတယ်။
ကော်တင်ဟိုဟာ အင်တာမီလန်အသင်းကနေ ၂၀၁၃ မှာ လီဗာပူးကို ပေါင် ၈ သန်းခွဲနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
5 years Ago