အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အသင်းခေါင်းဆောင်ရာထူးကို အလှည့်ကျ တာဝန်ပေးတာဟာ အသင်းအတွက် အကျိုးရှိစေတယ်လို့ ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ကွင်းလယ်ကစားသမား ဟန်ဒါဆန်ကို အသင်းခေါင်းဆောင်အဖြစ် ကစားစေခဲ့တာပါ။
လက်ရှိအချိန်မှာတော့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ထားပြီး ဆလိုဗေးနီးယား၊ လစ်သူယေးနီးယား အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ဦးဆောင်ကစားစေမယ်လို့ သိရပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ နောက်ခံလူ ဂယ်ရီကာဟေးလ်နဲ့ ဂိုးသမား ဂျိုးဟတ်တို့ကိုလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ဖူးပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ကာလရှည် တာဝန်ယူခဲ့တဲ့ တိုက်စစ်မှူး ရွန်နီ လက်ရွေးစင်အသင်းက အနားယူခဲ့တာကြောင့် အမြဲတမ်း အသင်းခေါင်းဆောင်တဦးကို ခန့်အပ်ဖို့လည်း ရှိနေပါတယ်။
နည်းပြ ဆောက်ဂိတ်အနေနဲ့ အမြဲတမ်း အသင်းခေါင်းဆောင်ရာထူးအတွက် ဟယ်ရီကိန်းနဲ့ ဟန်ဒါဆန်တို့ နှစ်ဦးထဲက တဦးကို ရွေးချယ်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
4 years Ago