အသင်းသားအများစု

September 30, 2017

အသင်းသားအများစု ဘောလုံးကစားရန် ကြောက်ရွံ့နေဟု အဲဗာတန်နည်းပြ ပြော

အသင်းက အသင်းသားအများစုဟာ ဘောလုံးကစားရမှာကို ကြောက်ရွံ့နေတယ်လို့ အဲဗာတန်အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းက မနေ့ညက ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ အပ်ပိုလွန် လီမာဆိုးလ်အသင်းကို သရေသာကစားနိုင်ခဲ့တဲ့ပွဲအပြီး ပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ အပ်ပိုလွန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့်လည်း သရေရလဒ်သာ ရရှိခဲ့တာကြောင့် အုပ်စုအီးမှာ ရမှတ် ၁ မှတ်သာ ရထားပြီး အောက်ဆုံးအဆင့်မှာ ရှိနေခဲ့ပါတယ်။ အသင်းအနေနဲ့ ကစားသမားတွေ အစုံအလင်နဲ့ အင်အားပြန်လည် တောင့်တင်းလာခဲ့တယ် ဆိုပေမယ့်လည်း တိုက်စစ်ဖွင့်ကစားဖို့ ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ အနိုင်ရလဒ်ရရှိဖို့ လိုနေပြီး ကစားသမားတွေ မိမိကိုယ်ကိုယ် ယုံကြည်ဖို့ ကုသဆေးဖြစ်လာနိုင်တယ်လို့ နည်းပြက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ကစားသမားတွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။
4 years Ago
Up