အသင်းရလဒ်မကောင်း၍ လေဗာကူဆင်နည်းပြကို ထုတ်ပယ်

March 6, 2017

အသင်းရလဒ်မကောင်း၍ လေဗာကူဆင်နည်းပြကို ထုတ်ပယ်

ဂျာမန်ဘွန်ဒတ်စ်လီဂါကလပ် လေဗာကူဆင်က အသင်းရလဒ်တွေမကောင်းလို့ နည်းပြ ရော်ဂျာ ရှမစ်ကို ထုတ်ပယ်လိုက်ပါတယ်။ မတ်လ ၄ ရက်နေ့က ဒေါ့မွန်အသင်းကို ၆ ဂိုး ၂ ဂိုးနဲ့ရှုံးတဲ့ပွဲအပြီးမှာ ထုတ်ပယ်လိုက်တာပါ။ လေဗာကူဆင်အသင်းဟာ ဘွန်ဒတ်စ်လီဂါမှာ နောက်ဆုံးကစားတဲ့ ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးခဲ့ပြီး အဆင့် ၉ နေရာအထိ လျောကျခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် နည်းပြ ရှမစ်ဟာ ဂျာမန်မှာ နာမည်ကောင်းရှိတဲ့ နည်းပြတဦးလည်း ဖြစ်ပါတယ်။ လေဗာကူဆင်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ရောက်နေပြီး ပထမအကျော့မှာ အက်သလက်တီကိုမက်ဒရစ်ကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။
5 years Ago
Up