အသင်းနည်းပြနှင့် ဝန်ထမ်းများကို အနီ၊ အဝါကတ် ပြသမည့်စည်းမျဉ်း သြစတြေးလျလိဂ်တွင် စတင်ကျင့်သုံး

November 1, 2017

အသင်းနည်းပြနှင့် ဝန်ထမ်းများကို အနီ၊ အဝါကတ် ပြသမည့်စည်းမျဉ်း သြစတြေးလျလိဂ်တွင် စတင်ကျင့်သုံး

အသင်းနည်းပြနဲ့ ဝန်ထမ်းတွေကို အနီကတ်နဲ့ အဝါကတ် ပြသနိုင်မယ့် စည်းမျဉ်းကို သြစတြေးလျ A လိဂ်မှာ စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ အသင်းရဲ့ နည်းပြအပါအဝင် တခြားဝန်ထမ်းတွေအနေနဲ့ ပွဲကစားနေချိန်မှာ မသင့်လျော်တဲ့ အပြုအမူ လုပ်တာတွေ၊ ရေဘူးနဲ့ ပစ်တာတွေ၊ ပွဲအချိန်ကြာအောင် တမင်လုပ်ဆောင်တာတွေနဲ့ ဆဲဆိုတာတွေ လုပ်မယ်ဆိုရင် ကစားသမားတွေကို ပြသလို အဝါကတ်နဲ့ အနီကတ်တွေ ပြသနိုင်မှာပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ဒိုင်လူကြီးတွေနဲ့ အသင်းတာဝန်ရှိသူတွေကြားမှာ ပိုပြီးကောင်းတဲ့ ဆက်ဆံရေး ရနိုင်မယ်လို့ A လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အသင်းတာဝန်ရှိသူတွေအနေနဲ့ ပြင်းထန်တဲ့ ပြုမှုပြောဆိုမှုတွေ ရှိလာမယ်ဆိုရင်တော့ အနီကတ်ပြပြီး ထုတ်ပယ်နိုင်မှာဖြစ်ပါတယ်။ သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်ဟာ အခုစည်းမျဉ်းတွေကို အမျိုးသားလိဂ်ရော အမျိုးသမီးလိဂ်မှာပါ ကျင့်သုံးသွားမယ်လို့ သိရပါတယ်။
4 years Ago
Up