အသင်းတွင်

December 9, 2017

အသင်းတွင် ဆက်ရှိ မရှိ မသေချာကြောင်း ကော်တင်ဟိုပြော

ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဘာတွေဖြစ်မလဲဆိုတာ ပြောလို့မရဘူးလို့ လီဗာပူးကွင်းလယ်ကစာသမား ကောင်တင်ဟိုက ပြောဆိုလိုက်ပါတယ်။ ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းဖူးပြီး ဇန်န၀ါရီ အပြောင်းအရွှေ့ရောက်တဲ့အချိန် အသင်းမှာပဲ ဆက်ရှိမယ်ဆိုတာ မသေချာဘူးလို့ ကော်တင်ဟိုက ပြောဆိုလိုက်တာပါ။ ဇန်ဝါရီအပြောင်းအရွှေ့မှာ ဘာဖြစ်မလဲဆိုတာ အဲဒီအချိန်ကျမှာ သိရမှာဖြစ်ပြီး ကမ်းလှမ်းမှုတခုခု ရှိလာနိုင်မလားဆိုတာလည်း ပြောလို့မရဘူးလို့ ကော်တင်ဟိုကဆိုပါတယ်။ ကော်တင်ဟိုအနေနဲ့ လီဗာပူးအသင်းမှာပဲ ဆက်ရှိမယ်လို့ ပြောဆိုတာမျိုး မရှိပေမယ့် အသင်းပရိသတ်တွေနဲ့ ဂျာစီကိုလေးစားတဲ့အနေနဲ့ အကောင်းဆုံးကြိုးစားကစားမယ်လို့ ပြောဆို ခဲ့ပါတယ်။ ဘရာဇီး လက်ရွေးစင်ကော်တင်ဟိုဟာ စပါးတက်မိုစကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟတ်ထရစ် ဂိုး သွင်းယူခဲ့ပါတယ်။ ကော်တင်ဟိုက ဘာစီလိုနာအသင်းက ပေါင်သန်း ၁၃၅ သန်းနဲ့ ပြီးခဲ့တဲ့ရာသီ ကတည်းက ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးက ပယ်ချခဲ့ပါတယ်။
3 years Ago
Up