အသင်းကိုစွန့်ခွာမည်မဟုတ်ဟု အီဗရာဟီမိုဗစ်ခ်ျပြော

June 14, 2015

အသင်းကိုစွန့်ခွာမည်မဟုတ်ဟု အီဗရာဟီမိုဗစ်ခ်ျပြော

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက အသင်းကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တိုက်စစ်မှူးဟာ အသင်းဟောင်း အေစီမီလန်ကို ပြန်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။ မီဒီယာတွေက ခန့်မှန်းနေကြတာသာ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်း ၁ နှစ်ကျန် သေးတယ်လို့ ဆွီဒင် တိုက်စစ်မှူး အီဗရာဟီဗိုဗစ်ခ်ျက ပြောဆိုထားပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့  ပီအက်စ်ဂျီအသင်းကို ဒီနှစ်ဘော လုံးရာသီမှာ ပြင်သစ် အမှတ်ပေးလိဂ် အပါအ၀င် ဖလား ၃ ခု ရအောင် ကူညီထားပါတယ်။ သူဟာ ပီအက်စ်ဂျီကို ၂၀၁၂ မှာ ရောက်ရှိပြီး ၉၁ ပွဲမှာ ၇၅ ဂိုး သွင်းပေး ထားပါတယ်။ တိုက်စစ်မှူးဟာ ဆွီဒင်လက်ရွေးစင်အသင်းအတွက်တော့ ၁၀၄ ပွဲမှာ ၅၄ ဂိုး သွင်းပေးထားပါတယ်။
6 years Ago
Up