အသင်းကိုချစ်မြတ်နိုးသည့်

September 10, 2016

အသင်းကိုချစ်မြတ်နိုးသည့် ကစားသမားများ ပိုင်ဆိုင်ထားကြောင်း စပါးနည်းပြပြော ဒီဗွီဘီ

စပါးအသင်းရဲ့ အားသာချက်က ငွေကြေးမဟုတ်ဘဲ ကစားပုံနဲ့ အသင်းကိုချစ်မြတ်နိုးတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားခြင်းဖြစ်တယ်လို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။ စပါးအသင်းအနေနဲ့ ပြိုင်ဘက်အသင်း တွေနဲ့ယှဉ်ရင် ငွေကြေးပိုင်းမှာ အားနည်းပေမယ့် အသင်းရဲ့ပံ့ပိုးမှု၊ ကစားပုံနဲ့ ပရိသတ်တွေရဲ့ အားပေးပုံက အသင်းအတွက် စွမ်းအားတခုဖြစ်တယ်လို့ စပါးနည်းပြကဆိုပါတယ်။ စပါးအသင်းကစားသမားတွေကို ငွေကြေးတခုတည်းနဲ့ မက်လုံးပေးပြီး စိတ်ဓာတ်မြင့် တင်ပေးမှာမဟုတ်ဘဲ အသင်းပေါ်ပေးဆပ်ကစားချင်တဲ့စိတ် ရှိဖို့က ပိုအရေးကြီးတယ်လို့ စပါးအသင်းနည်းပြကဆိုပါတယ်။ စပါးကစားသမားအများစုကို လစာအများကြီးပေးမယ့် ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူလိုကြပေမယ့် စပါးအသင်းကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့် အသင်းမှာ ဆက်ရှိနေတာလို့လည်း စပါးနည်းပြပိုချက်တီနိုကဆိုပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲအပြီးမှာ ၁ ပွဲနိုင် ၂ ပွဲ သရေရလဒ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပြီး လာမယ့်စနေနေ့မှာ စတုတ်စီးတီး အသင်းနဲ့ယှဉ် ပြိုင်ကစားရမှာဖြစ်ပါတယ်။
5 years Ago
Up