အာဆင်နယ်အသင်းဟာ ရီးရဲအသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မိုနာကိုအသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပီ ကိုခေါ်ယူဖို့ လက်မလျော့သေးဘူးလို့သိရပါတယ်။
အာဆင်နယ် တာဝန်ရှိသူတွေကတော့ မိုနာကိုအသင်း အမ်ဘာပီအတွက် ရရှိလိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းကိုလည်းပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အမ်ဘာပီ အပြောင်းအရွှေ့ဖြစ်ခဲ့ပါကလည်း အဓိကတိုက်စစ်မှူးနေရာမှာ ကစားလိုတာဖြစ်ပြီးတော့ အမြဲတမ်းပွဲထွက်လူစာရင်းမှာပါဝင်ကစား လိုနေတာဖြစ်ပါတယ်။
အသင်းရဲ့အဓိကကစားသမားအလက်ဆစ်ဆန်းချက်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့မှာ PSGအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ပါက အမ်ဘာပီအပြင်၊ ဒေါ့မန်အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်၊ ရှော်ကေးအသင်းက ကိုလာဆီနစ် တို့ကို ခေါ်ယူဖို့ပြင်ဆင်နေခဲ့ပါတယ်။
4 years Ago