အသက် ၉၇ နှစ်အရွယ် အဘိုးအို

A d v e r t i s e m e n t With Us

April 13, 2020

ကိုရိုနာကူးစက်ခံရသည့် အသက် ၉၇ နှစ်အရွယ် ဘရာဇီးအဘိုးအို ပြန်သက်သာ

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အသက် ၉၇ နှစ်အရွယ် အဘိုးအိုတဦး ပြန်လည်သက်သာ ကောင်းမွန်လာတယ်လို့ သိရပါတယ်။ အဘိုးအို ဂီနာဒယ်လ် ကော်လေတိုဟာ နိုင်ငံတွင်းမှာ  ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကနေ ပြန်လည်ကောင်းမွန်လာသူတွေထဲမှာ အသက်အကြီးဆုံး ဖြစ်လာပါတယ်။ သူဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံ လက္ခဏာတွေကြောင့် ဧပြီ ၁ ရက်က ဆေးရုံတက်ခဲ့ရပြီး ဧပြီ ၁၂ ရက်မှာတော့ နေပြန်ကောင်းလာလို့ ဆောင်ပါလိုမြို့ ဗီလာ နိုဗာစတား ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေက လက်ခုပ်တီး ကောင်းချီးပေးခဲ့ကြပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးခံရတဲ့ လက်တင်အမေရိက နိုင်ငံမှာ ကူးစက်ခံရပြီး နေပြန်ကောင်းလာတဲ့ အသက်အကြီးဆုံးလူလည်း ဖြစ်ပါတယ်။ ဆေးရုံတက်နေချိန်က အောက်ဆီဂျင် ပေးထားရပြီး အထူးကြပ်မတ်ကုသဆောင်မှာပါ ကုသမှု ခံယူခဲ့ရတယ်လို့ ဆေးရုံကို စီမံခန့်ခွဲတဲ့ လုပ်ငန်းစုက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဘရာဇီးနိုင်ငံမှာ ဧပြီ ၁၃ ရက်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူ ၂၂၃၁၈ ဦးနဲ့ သေဆုံးသူ  ၁၂၃၀ ရှိသွားပြီလို့ သိရပါတယ်။ ဘရာဇီး သမ္မတကတော့ စီးပွားရေးကို ပြန်စချင်နေပြီး နိုင်ငံတွင်း အသွားအလာ ကန့်သတ်မှု သက်တမ်းတိုးတာဟာ ရောဂါထက်ပိုပြီး ဘေးများလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
11 months Ago
Up