ပီရူးနိုင်ငံမှာ အသက် ၉၀ အရွယ် အဘိုးအိုတဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပြန်ကောင်းလာခဲ့တဲ့အတွက် နိုင်ငံရဲ့လူနာတွေထဲမှာ ကျန်းမာရေးပြန်ကောင်းလာတဲ့ အသက်ကြီးဆုံး ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဗယ်လာရီယို ဆန်တာခရုဇ်လို့ခေါ်တဲ့ အဲဒီအဘိုးအိုဟာ ဗိုင်းရပ်စ်တွေ့ရှိလို့ ဆေးရုံ တက်ခဲ့ရပြီးနောက် ဧပြီ ၁၅ ရက်နေ့မှာတော့ ပိုးကင်းစင်ကြောင်းတွေ့ရှိရပြီး ဆေးရုံက ဆင်းခဲ့ပါတယ်။
အဘိုးအို လီမာ ဆေးရုံက ပြန်အဆင်းမှာ ဆေးရုံဝန်ထမ်းတွေနဲ့ အခြားလူနာတွေက လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။
ပီရူးဟာ ဧပြီ ၁၆ ရက်အထိ စာရင်းဇယားတွေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၂,၄၉၁ ဦးရှိပြီး သေဆုံးသူကတော့ ၂၇၄ ဦး ရှိထားပြီလို့ ရိုက်တာသတင်းက ရေးသားပါတယ်။
11 months Ago