အသက် ၁၁ နှစ်အရွယ်

A d v e r t i s e m e n t With Us

January 4, 2020

အသန်မာဆုံးကလေးအဖြစ်သတ်မှတ်ခံရသည့်  ၁၁ နှစ်အရွယ် ရုရှားကလေးငယ်

တခြားသော အသက် ၁၁ နှစ်အရွယ်ကလေးတွေ ဗွီဒီယိုဂိမ်းတွေ၊ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေချိန်မှာ တီမိုဖေ ကယ်လီဗာကင်ဆိုတဲ့ ရုရှားက ကလေးတယောက်ကတော့ gym မှာ လေ့ကျင့်လိုက်၊ ကမ္ဘာ့စံချိန်တွေချိုးလိုက်နဲ့ အလုပ်ရှုပ်လို့နေပါတယ်။ သူဟာ ရုရှားနိုင်ငံ အူရယ်တောင်တန်းဒေသမှာရှိတဲ့ ရှယ်ယာဆိုတဲ့ကျေးရွာလေးမှာ နေထိုင်သူပါ။ တီမိုဖေရဲ့ဖခင် အာဆီနီကလီဗာကင်ဟာ ရွာလေးရဲ့ အလေးမဆရာဖြစ်ပြီးတော့ တီမိုဖေကတော့ အသက်ငါးနှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူရဲ့လှုပ်ရှားမှုတွေကို ကြည့်ရှုရင်း နဲ့ အချိန်ကုန်ခဲ့ရတယ်။  အဲ့ဒီအချိန်ကတည်းက သူ့မှာ အလေးမခြင်းနဲ့ပတ်သက်တဲ့ ဝါသနာစွဲကပ်ခဲ့ပြီး ဒီဖြစ်ရပ်ကို လည်း သူ့ဖခင်က သိရှိပြီးတော့ လေ့ကျင့်ပေးခဲ့ပါတယ်။  အရွယ်အရမ်းငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိခင်ဖြစ်သူက တားမြစ်ခဲ့ပေမဲ့ သူတို့သားအဖကတော့ မရပ်တန့်ခဲ့ပါဘူး။ တီမိုဖေဟာ သူ့အသက်ခြောက်နှစ်အရွယ်မှာတင် ဒေသတွင်းပြိုင်ပွဲတခုမှာ သူ့ဇကို ထုတ်ပြနိုင်ခဲ့ပြီး  အားလုံးကို အံ့သြသင့်စေခဲ့ပါတယ်။  အသက်ခြောက်နှစ်အရွယ်မှာ ၅၅ ကီလိုကို မပြခဲ့တဲ့ တီမိုဖေဟာ သူ့အသက် ၁၁ နှစ်အရွယ်မှာ ၁၀၅ ကီလိုဂရမ်ရှိတဲ့ အလေးကိုမပြခဲ့ပါတယ်။ ဒါဟာ သူ့အသက်အရွယ်အပိုင်းအခြားအတွက် စံချိန်တင်လည်း ဖြစ်ပါတယ်။ အခုနှစ်မှာ ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာလည်း တီမိုဖေဟာ ၁၀၀ ကီလိုဂရမ်ကို အောင်မြင်စွာ မပြနိုင်ခဲ့ပြီး ဒါဟာ သူ့အသက်သူ့အရွယ်၊ သူ့ခန္ဓာကိုယ်အလေးချိန်နဲ့ဆိုရင်တော်တော် လေးအထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။  တီမိုဖေဟာ အခုမှ ၃၈ ကီလိုဂရမ်သာရှိသေးတဲ့ သူလည်းဖြစ်ပါတယ်။ တီမိုဖေဟာ စံချိန်တင်စွမ်းဆောင်ရည်တွေကို ချပြနိုင်ခဲ့ပေမယ့် လူအများစုအဓိက အထင်ကြီး ကြတာက သူ့ရဲ့လေ့ကျင့်ရေးနည်းစနစ်တွေဖြစ်ပြီး ဒီလေ့ကျင့်ရေးစနစ်တွေထဲမှာ လယ်ထွန်စက်တွေကို  မခြင်း၊ ဆွဲခြင်းတွေပါပါဝင်တယ်လို့ OC သတင်းမှာဖော်ပြထားပါတယ်။  တီမိုဖေဟာ သူ့နေတဲ့ရွာလေးမှာတော့  အရွယ်ရောက်ပြီး သူတွေတောင်မလုပ်နိုင်တဲ့အရာ တွေကို လုပ်ဆောင်နိုင်တဲ့ သူရဲကောင်းတဦးအဖြစ် ချီးကျူးခြင်းခံထားရပြီးတော့ တချို့သော ပြိုင်ပွဲ တွေမှာလည်း သူ့ထက်အသက်အများကြီးကြီးတဲ့လူတွေထက်ပို ပြီးစွမ်းဆောင်ရည်ကောင်းအောင် လုပ်ဆောင်ပြနိုင်ခဲ့သူပဲဖြစ်ပါတယ်။  ဒီလိုလုပ်ဆောင်နိုင်ဖို့ ၁၁ နှစ် သားကလေးလေးဟာ စွန့်လွှတ်မှုများစွာကို လုပ်ဆောင်ခဲ့ရပြီး ဒီထဲမှာ တခြားကလေးတွေစားတဲ့  အစားအသောက်တွေကို ရှောင်ကျဉ်ပြီးတော့ အားကစားသမား တဦးလိုမျိုး ပြုစုစားသောက်ရတာမျိုးတွေ ရှိတယ်လို့လည်း သိရပါတယ်။ တီမိုဖေနဲ့ သူ့ဖခင်ဖြစ်သူတွေရဲ့ လေ့ကျင့်ဆောင်ရွက်မှုတွေကို သူ့မိခင်နဲ့ ကလေးသူငယ်ဖွံ့ ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပေမယ့် ဖခင်ဖြစ်သူကတော့ ဒီကလေးဟာ သူ့  သွေးအရင်းဖြစ်တဲ့အတွက် ကလေးငယ်ရဲ့ ဘဝကို ထိခိုက်အောင် လေ့ကျင့်ပေးမှာ မဟုတ်ဘူးလို့ပြောပါတယ်။ 
1 year Ago
Up