အသက်အာမခံချက်မရှိသဖြင့် ပြန်မလာခြင်းဖြစ်ဟု ဘင်္ဂလား​ဒေ့ရှ်​ရောက် ဒုက္ခသည်အချို့ပြော

August 23, 2019

အသက်အာမခံချက်မရှိသဖြင့် ပြန်မလာခြင်းဖြစ်ဟု ဘင်္ဂလား​ဒေ့ရှ်​ရောက် ဒုက္ခသည်အချို့ပြော  

ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံသို့ နေရပ်​စွန့်ခွာသူတွေပြန်မလာတာဟာ နိုင်​ငံသား သို့မဟုတ်​ အမည်တခုခု သတ်မှတ်​ပေးတာ မရှိတာနဲ့ အသက်​အာမခံချက်​မရှိတာကြောင့်ဖြစ်တယ်လို့   တဘက်နိုင်ငံမှာ ခိုလှုံရောက်ရှိ နေတဲ့ ဒုက္ခသည်တချို့က ပြောပါတယ်။  ကူတူပါ​လောင်​ဒုက္ခသည်​စခန်းမှ မာမတ်​​ရော်​မန်​က "ပြန်မလာကြတာကဒီလိုပါ မြန်မာအစိုးရက တာဝန်ခံမှု၊ တာဝန်ယူမူမရှိဘူး။ နိုင်ငံသားမဟုတ်သေးတိုင်အောင် တခုခုသတ်​မှတ်​ ​ပေး​စေချင်​တာပါ။ ဥပမာ လူတဦးမှာ နာမည်​မရှိသလိုဖြစ်​​နေပါတယ်​။ နိုင်ငံတခုမှာ ​မွေးဖွားပြီး အသိအမှတ်​ပြုမခံရဘူး။ ​နောက်​ အသက်​အာမခံချက်​မရှိဘူး။ ဒါ​ကြောင့် ပြန်​မလာချင်​ကြတာပါ” လို့ ​ ပြောကြားပါတယ်​။ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံသို့ နေရပ်​စွန့်ခွာသူတွေကို သြဂုတ်​လ ၂၂ ရက်​​က တတိယအကြိမ်​​  ပြန်​လည်​လက်​ခံဖို့​ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ နိုင်ငံတော် သမ္မတရုံးမှ ဦးထွန်းထွန်းဝင်း တို့ ကိုယ်​တိုင်​လာ​ရောက်​ပြီး အဆင်​သင့်ပြုလုပ်​ထားပေမယ့်လည်း တ​ဦးတ​​ယောက်​မှ ပြန်​လည်​ဝင်​​ရောက်​လာတာ မရှိ​ခဲ့ပါဘူး။ ​နေရပ်​စွန်​့ခွာသွားသူတဦးဖြစ်တဲ့ မာမတ်​ဟာချီက​တော့ "ကျနော်တို့ ဒုက္ခ​ရောက်​ပြီး ​နေရပ်​စွန့်ခွာရတာကို နိုင်​ငံတကာက ဘယ်​လိုတုံ့ပြန်​မလဲဆိုတာ ​စောင့်ကြည့်ဖို့လိုတယ်​။ အခု ပြန်​သွားလို့ မဖြစ်​​သေးဘူး။ ဥပမာ ​လျှောက်​လွှာတခုတင်​ထားတယ်​။ အ​ဖြေမရ​သေးဘူး။ ဒါ​ကြောင့် အားလုံးက သ​ဘောတူပြီး မလာဖြစ်​တာပါ"လို့​ပြောပါတယ်​။ ၂၀၁၇ သြဂုတ်​လက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်​ဖြစ်​စဉ်​​တွေကြောင့် ဘင်္ဂ​လားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီတဲ့ လူတွေ နေရပ်​စွန့်ခွာသွားပြီး  နယ်စပ်ရှိ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတာပါ။ အဆိုပါဒုက္ခသည်တွေကို မြန်မာပြည်ဘက်ကို  အဓမ္မပြန်ပို့မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကတိပေး ထားပါတယ်။ မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာခဲ့တဲ့ တောင်ပြိုလက်ယာအုပ်စု၊ ရဲ​အောင်​​ချောင်းရွာနေ မာမတ်​​ရှော်​ရီက​နောကတော့ "အဲဒီကပြန်​မလာတာက ပြန်​လာမယ့်သူ​တွေ ကို အာဆာအဖွဲ့​တွေက ခြိမ်း​ခြောက်​မူ​တွေရှိတယ်​။ အန္တရာယ်​​ပေးတယ်​။ ဒါ​ကြောင့် မလာနိုင်​တာပါ။ လာချင်​သူ​တွေများစွာရှိပါတယ်​"လို့​ပြောပါတယ်​။ ၂၀၁၈ ဇန်​နဝါရီလ ၂၃ ရက်​က ပထမတကြိမ်လက်ခံဖို့ ပြင်ဆင်ထားခဲ့ကြသလို ၂၀၁၈ နိုဝင်​ဘာ ၁၅ ရက်​မှာ ဒုတိယအကြိမ်​ ပြန်​လည်​လက်​ခံဖို့ မြန်မာဘဘက်က အဆင်​သင့် ပြင်​ဆင်​ထားခဲ့​ကြ​ပေမယ့် အောင်​မြင်​တာ မရှိခဲ့ပါဘူး။ ယခု တတိယအကြိမ် အစီအစဉ်အရ ပထမ အသုတ်အဖြစ် ဒုက္ခသည် အယောက်  ၃၄၅ဝ ကို ဩဂုတ် ၂၂ ရက်မှာ ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံအစိုးရတို့ သဘောတူ စီစဉ်ခဲ့တာဖြစ်ပြီး တဦးမှ ပြန်​လာတာ မရှိ​ခဲ့ပါဘူး။ ကောင်းကောင်း
အသက္အာမခံခ်က္မရွိသျဖင့္ ျပန္မလာျခင္းျဖစ္ဟု ဘဂၤလား​ေဒ့ရွ္​ေရာက္ ဒုကၡသည္အခ်ိဳ႕ေျပာ ေကာင္းေကာင္း ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံသို႔ ေနရပ္​စြန္႔ခြာသူေတြျပန္မလာတာဟာ ႏိုင္​ငံသား သို႔မဟုတ္​ အမည္တခုခု သတ္မွတ္​ေပးတာ မရွိတာနဲ႔ အသက္​အာမခံခ်က္​မရွိတာေၾကာင့္ျဖစ္တယ္လို႔ တဘက္ႏိုင္ငံမွာ ခိုလႈံေရာက္ရွိ ေနတဲ့ ဒုကၡသည္တခ်ိဳ႕က ေျပာပါတယ္။ ကူတူပါ​ေလာင္​ဒုကၡသည္​စခန္းမွ မာမတ္​​ေရာ္​မန္​က "ျပန္မလာၾကတာကဒီလိုပါ ျမန္မာအစိုးရက တာဝန္ခံမႈ၊ တာဝန္ယူမူမရွိဘူး။ ႏိုင္ငံသားမဟုတ္ေသးတိုင္ေအာင္ တခုခုသတ္​မွတ္​ ​ေပး​ေစခ်င္​တာပါ။ ဥပမာ လူတဦးမွာ နာမည္​မရွိသလိုျဖစ္​​ေနပါတယ္​။ ႏိုင္ငံတခုမွာ ​ေမြးဖြားၿပီး အသိအမွတ္​ျပဳမခံရဘူး။ ​ေနာက္​ အသက္​အာမခံခ်က္​မရွိဘူး။ ဒါ​ေၾကာင့္ ျပန္​မလာခ်င္​ၾကတာပါ” လို႔ ​ ေျပာၾကားပါတယ္​။ ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံသို႔ ေနရပ္​စြန္႔ခြာသူေတြကို ၾသဂုတ္​လ ၂၂ ရက္​​က တတိယအႀကိမ္​​ ျပန္​လည္​လက္​ခံဖို႔​ လွ်ပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံ ႏိုင္ငံေတာ္ သမၼတ႐ုံးမွ ဦးထြန္းထြန္းဝင္း တို႔ ကိုယ္​တိုင္​လာ​ေရာက္​ၿပီး အဆင္​သင့္ျပဳလုပ္​ထားေပမယ့္လည္း တ​ဦးတ​​ေယာက္​မွ ျပန္​လည္​ဝင္​​ေရာက္​လာတာ မရွိ​ခဲ့ပါဘူး။ ​ေနရပ္​စြန္​့ခြာသြားသူတဦးျဖစ္တဲ့ မာမတ္​ဟာခ်ီက​ေတာ့ "က်ေနာ္တို႔ ဒုကၡ​ေရာက္​ၿပီး ​ေနရပ္​စြန႔္ခြာရတာကို ႏိုင္​ငံတကာက ဘယ္​လိုတုံ႔ျပန္​မလဲဆိုတာ ​ေစာင့္ၾကည့္ဖို႔လိုတယ္​။ အခု ျပန္​သြားလို႔ မျဖစ္​​ေသးဘူး။ ဥပမာ ​ေလွ်ာက္​လႊာတခုတင္​ထားတယ္​။ အ​ေျဖမရ​ေသးဘူး။ ဒါ​ေၾကာင့္ အားလုံးက သ​ေဘာတူၿပီး မလာျဖစ္​တာပါ"လို႔​ေျပာပါတယ္​။ ၂၀၁၇ ၾသဂုတ္​လက ရခိုင္ျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္​ျဖစ္​စဥ္​​ေတြေၾကာင့္ ဘဂၤ​လားေဒ့ရွ္ႏိုင္ငံဘက္ကို သိန္းနဲ႔ခ်ီတဲ့ လူေတြ ေနရပ္​စြန႔္ခြာသြားၿပီး နယ္စပ္ရွိ ဒုကၡသည္ စခန္းေတြမွာ ခိုလႈံေနထိုင္ေနၾကတာပါ။ အဆိုပါဒုကၡသည္ေတြကို ျမန္မာျပည္ဘက္ကို အဓမၼျပန္ပို႔မွာမဟုတ္ဘူးလို႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာက ကတိေပး ထားပါတယ္။ မိမိဆႏၵအေလွ်ာက္ ျပန္လည္ဝင္ေရာက္လာခဲ့တဲ့ ေတာင္ၿပိဳလက္ယာအုပ္စု၊ ရဲ​ေအာင္​​ေခ်ာင္း႐ြာေန မာမတ္​​ေရွာ္​ရီက​ေနာကေတာ့ "အဲဒီကျပန္​မလာတာက ျပန္​လာမယ့္သူ​ေတြ ကို အာဆာအဖြဲ႕​ေတြက ၿခိမ္း​ေျခာက္​မူ​ေတြရွိတယ္​။ အႏၲရာယ္​​ေပးတယ္​။ ဒါ​ေၾကာင့္ မလာႏိုင္​တာပါ။ လာခ်င္​သူ​ေတြမ်ားစြာရွိပါတယ္​"လို႔​ေျပာပါတယ္​။ ၂၀၁၈ ဇန္​နဝါရီလ ၂၃ ရက္​က ပထမတႀကိမ္လက္ခံဖို႔ ျပင္ဆင္ထားခဲ့ၾကသလို ၂၀၁၈ ႏိုဝင္​ဘာ ၁၅ ရက္​မွာ ဒုတိယအႀကိမ္​ ျပန္​လည္​လက္​ခံဖို႔ ျမန္မာဘဘက္က အဆင္​သင့္ ျပင္​ဆင္​ထားခဲ့​ၾက​ေပမယ့္ ေအာင္​ျမင္​တာ မရွိခဲ့ပါဘူး။ ယခု တတိယအႀကိမ္ အစီအစဥ္အရ ပထမ အသုတ္အျဖစ္ ဒုကၡသည္ အေယာက္ ၃၄၅ဝ ကို ဩဂုတ္ ၂၂ ရက္မွာ ျပန္ပို႔ဖို႔ ျမန္မာနဲ႔ ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံအစိုးရတို႔ သေဘာတူ စီစဥ္ခဲ့တာျဖစ္ၿပီး တဦးမွ ျပန္​လာတာ မရွိ​ခဲ့ပါဘူး။
2 years Ago
Up