အသက်အငယ်ဆုံ

October 11, 2020

ပြင်သစ်အိုးပင်းတွင် ပိုလန်တင်းနစ်မယ် ဗိုလ်စွဲ၊ အသက်အငယ်ဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်

ပိုလန်ဆယ်ကျော်သက်တင်းနစ်မယ် ရှော့တက်ခ်ဟာ ပြင်သစ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပထမဆုံးပိုလန်တင်းနစ်မယ်ဖြစ်လာခဲ့ပါတယ်။  အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အီဂါရှော့တက်ခ်ဟာ ဆီဒင် ၄ သတ်မှတ်ခံထားရတဲ့ အမေရိကန်တင်းနစ်မယ် ဆိုဖီကာကမ်နင်ကို ၆-၄ ၆-၁ နဲ့ ၂ ပွဲပြတ်အနိုင်ရပြီး ပထမဆုံး အကြိမ်ချန်ပီယံဖြစ်ခဲ့တာပါ။  ဆိုဖီယာကမ်နင်ဟာ ဒုတိယပွဲငယ်မှာ ဘယ်ဘက်ပေါင်ဒဏ်ရာရခဲ့လို့ ဆေးကုသမှု ခံယူခဲ့ရ ပြီးမှ ဆက်ကစားခဲ့ရတာပါ။  ဒါပေမဲ့ ကမ္ဘာ့အဆင့် ၅၄ ရှိ ပိုလန်တင်းနစ်မယ် ရှော့တက်ခ်ကပဲ နိုင်ပွဲထပ်ရခဲ့လို့ ချန်ပီယံဖြစ်ခဲ့တာပါ။  အီဂါရှော့တက်ခ်ဟာ စတုတ္ထအဆင့်မှာကတည်းက ဆီဒင် ၁ သတ်မှတ်ခံထားတဲ့ ဆိုင်မွန်ဟေးလတ်ကို အနိုင်ယူခဲ့ပြီး  ဗိုလ်လုပွဲမှာတော့ ချက်နာမည်ကြီးတင်းနစ်မယ် ပတ်ထရာ ဗစ်တိုဗာကို အနိုင်ယူခဲ့တဲ့ ကမ်နင်ကို ထပ်အပြီးအနိုင်ရခဲ့တာပါ။ ၁၉၉၂ ပြင်သစ်အိုးပင်းမှာ ၁၉ နှစ်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဟန်ဂေရီ တင်းနစ်မယ်  မိုနီကာဆဲလက်စ်ပြီးနောက် အီဂါရှော့တက်ခ်က အမျိုးသမီး တဦးချင်းပြိုင်ပွဲမှာ အသက်အငယ်ဆုံး ချန်ပီယံအဖြစ်လည်းမှတ်တမ်း ဝင်ခဲ့ပါတယ်။ 
7 months Ago
Up