မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
အသက်အကြီးဆုံး ဂျိမ်းစ်ဘွန်းမင်းသမီးကြီး
Home
အသက်အကြီးဆုံး ဂျိမ်းစ်ဘွန်းမင်းသမီးကြီး
A
d
v
e
r
t
i
s
e
m
e
n
t
With Us
April 7, 2020
1K
အသက်အကြီးဆုံး ဂျိမ်းစ်ဘွန်းမင်းသမီးကြီး Honor Blackman ကွယ်လွန်
နာမည်ကျော် ဂျိမ်းစ်ဘွန်းရုပ်ရှင်မင်းသမီးကြီး Honor Blackman ဟာ ဧပြီလ ၅ ရက်နေ့က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသမီးကြီးဟာ သက်ရှိထင်ရှား ဘွန်းမင်းသမီးတွေထဲက အသက်အကြီးဆုံး မင်းသမီးတလက်ဖြစ်ကာ ဗြိတိန်နိုင်ငံ Sussex ပြည်နယ်အရှေ့ပိုင်း၊ Lewes နေအိမ်မှာ သဘာဝအတိုင်းပဲ ကွယ်လွန်သွားတာလို့ မိသားစုဝင်တွေက ဆိုပါတယ်။
Blackman ကို ၁၉၂၅ ခုနှစ်က လန်ဒန်အရှေ့ပိုင်း Plaistow မှာ မွေးဖွားခဲ့ပြီး အနုပညာကျောင်းတကျောင်းဖြစ်တဲ့ Guildhall School of Music and Drama မှာ လေ့ကျင့် သင်ကြားခဲ့တာပါ။
၁၉၄၇ ခုနှစ်ကတည်းက ၂၀၁၅ ခုနှစ်အထိ ဂီတနဲ့ ရုပ်ရှင်ကားပေါင်းများစွာမှာ သီဆို ရိုက်ကူးခဲ့တဲ့ Blackman ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေက နာမည်ကြီးရုပ်သံစီးရီးတခု ဖြစ်တဲ့ The Avengers မှာ ဗြိတိန်-အမေရိကန် မင်းသားတလက်ဖြစ်တဲ့ Patrick Macnee နဲ့ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် ၁၉၆၄ ခုနှစ်မှာ တတိယမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားတကားအနေနဲ့ ထွက်ရှိခဲ့တဲ့ Goldfinger ရုပ်ရှင်ထဲမှာတော့ မင်းသားကြီး Sean Connery နဲ့ တွဲဖက်ပြီး ဇာတ်ကောင်မိန်းကလေး Pussy Galore နေရာက သရုပ်ဆောင်ရာမှ ဘွန်းမင်းသမီးတလက်အဖြစ် နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။
အဲဒီအချိန်မှာတော့ Blackman ဟာ အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်ကာ မင်းသားထက် ၅ နှစ်ကြီးတဲ့အတွက် ဘွန်းမင်းသမီးတွေထဲ အသက်အကြီးဆုံး ဘွန်းမင်းသမီးတယောက်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းနဲ့ပတ်သက်ပြီး မိသားစုက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ မိသားစုရဲ့ ချစ်ခင်ရတဲ့ မိခင်တယောက်၊ အဘွားတယောက်အနေနဲ့ ရှိနေပေးခဲ့တာအပြင် Honor ဟာ ပြောင်မြောက်တဲ့ အရည်အသွေးတွေနဲ့ သရုပ်ဆောင်တယောက် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ကြေကွဲဝမ်းနည်းရကြောင်း၊ ခက်ခဲတဲ့အချိန်မှာ မိသားစုနဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး လေးစားကြဖို့ အားလုံးကို ပန်ကြားထားပါတယ်။
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up